Part-(4)

5K 623 4
                                    

Unicode Version

"Hoseok Hyung.... ကျွန်တော် စုံစမ်းခိုင်းထားတာ အခြေနေဘယ်လိုရှိလဲ...."

ခေါင်းတစ်ချက်ညိမ့်ပြရင်း....စားပွဲခုံပေါ် ချပြလာသော စာရွက်စာတန်းများနှင့် ဓာတ်ပုံတစ်ထပ်.....။

သိပ်တော်လွန်းသော Hyung ရယ်ပါ...။ သူစုံစမ်းခိုင်းသည်မှာ ၃ရက်ပင်မပြည့်သေး...။ အချက်အလက်အပြည့်အစုံကိုရလာသည်လေ...။

အလွတ်စုံထောက်လို့ ပြောရမလား....။ အစိုးရစုံထောက်တွေပင် လက်လျော့သွားသော အမှု ကိစ္စ တွေကို အချိန်တိုတွင်းရှာဖွေပေးနိုင်သူမှာ Hoseok hyung ပင်.....။ ဒါကြောင့်လဲ သူအားကိုးသည်....။ ကျန်ခဲ့တဲ့ နှစ်တွေက Choi Sungwoo လုပ်ရပ်မှန်သမျှကို စုံစမ်းပေးသည်မှာလဲ Hoseok hyung ပင်....။

"သူက ဘယ်သူလဲ...."

"သူ့နာမည်က Bim( ဘင်မ်) လို့ခေါ်တယ်... ။ Nickname ဖြစ်ဖို့များတယ်....။ သူ့ချစ်သူကောင်မလေးက Club မှာ အလုပ်လုပ်နေတာ...ပီးတော့ ညီမလေးတစ်ယောက်လဲရှိ...။ သူက သူ့ညီမကို သိပ်ချစ်တယ်...."

"ဖျောက်...!!! Ok ဒီလောက်ဆိုရပီ Hyung...."

လက်ဖျောက်တစ်ချက်တီးတာ အဓိပါယ်ဖော်ရန်မလွယ်သော အပြုံးတို့ကို JK ပြုံးရင်း.....။

-------------------------

ဒွီ...ခနဲ Message ဝင်လာ၍ ဖုန်းကို ဖွင့်ကြည့်လိုက်သော်....Jimin အလိုမကျစွာ နှုတ်ခမ်းစူလိုက်မိသည်....။

"Park Jiminshi....ကျွန်တော် ဒီနေ့ အိမ်ပြန်နောက်ကျမယ်... ။ အစောအိပ်နှင့် ကျွန်တော့ကိုမစောင့်နဲ့....."

နေစမ်းပါဦး......။
ငါက ဘယ်တုန်းက အိပ်ရင် သူ့ကိုစောင့်ဖူးလို့တုန်း...။ သူများတွေကြားရင် အိမ်ပြန်မလာသေးတဲ့ လင်တောင်မောင်ကို မအိပ်မနေအသက်ရှည် နေ့စဥ်ရက်ဆက် စောင့်နေခဲ့သလိုလို.....။မကြားနိုင်မှန်းသိရက်နဲ့ တစ်ယောက်ထဲ အသံတိတ်ရန်ဖြစ်ရင်း....။

Maid.... ပြင်ဆင်ပေးထားသော အသီးပွဲကို စားကာ စိတ်မပါလက်မပါ TV ထိုင်ကြည့်နေလိုက်သည်....။ နာရီကြည့်မိတော့ ည 11 နာရီ...။ တကယ်ပြန်မလာသေးတာလား....။ သူ့ဘာသူ ပြန်လာလာ မလာလာပေါ့ မင်း ဘာဖြစ်နေတာလဲ Park Jimin!!!!!....

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Tahanan ng mga kuwento. Tumuklas ngayon