Part-(8)

4.4K 479 17
                                    

Unicode Version

"မင်းတို့ အဆင်ပြေနေကြပီဆို....."

Jin Hyung စကားကြောင့် Jungkook နှာခေါင်းချုံ့လိုက်ရင်း....

"ဟူး.........အဆင်ပြေတာ မှန်ပေမဲ့ Jimin Hyung က ခုထိ ကျွန်တော့ကို ချစ်တယ်လို့ မပြောသေးဘူး...."

သက်ပြင်းရှည်ကြီးချကာ စိတ်ပျက်လက်ပျက် ဆိုဖာမှာ ဝင်ထိုင်ရင်း ပြောသောစကားကြောင့် Jin တစ်ယောက်ရင်မောသွားရပါသည်....။ သို့သော်....သိပ်ချောသည့်သူ၏ ဦးနှောက်ထဲ အကြံတစ်ခုက လက်ခနဲ့.......

"ဖျောက်!!!!!!.... ငါအကြံရပီ.....Hyung ပြောတဲ့အတိုင်း.....Jungkook လုပ်မလား....."

"ဘာ......ဘာကို လုပ်ရမှာလဲ...."

လက်ဖျောက်တစ်ချက်တီးကာ ပြောလာသော Jin Hyung ကြောင့် Jungkook မျက်ခုံးပင့်သွားရသည်....။ Jin Hyung က သိပ်စိတ်ချရတာမဟုတ်.....။ ဘာလို့ဆို ဖျက်ဆီးရေးဘုရင် NamJoon Hyung နဲ့ အိမ်ထောင်ကျပီးထဲက တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုပင် Jin Hyung ပါ ဟိုဟာကျကွဲ ဒီဟာကျကွဲ ဖြစ်လာသည်လေ......။ တစ်ခါသား NamJoon Hyung ဟင်းချက်တာ ဟင်းကမတူးပဲ Fry-Pan ကြီးတူးသွားတယ်ဆိုပီး ပြောပြတုန်းက သူတို့သားအဖ ရီလိုက်ရတာ.....။

"Hyung ပြောတာကိုကြားလား.....လိုက်လုပ်မယ်ဆိုရင် နည်းနည်းတော့ စွန့်စားရမယ်နော်..."

"ဟုတ်မှလဲ လုပ်ပါ Hyung ရာ...."

"Yarrr....Jeon Jungkook!!!! Kim SeokJin ပါကွ....မပိုင်ရင် ခြင်တောင်မရိုက်ဘူး....."

အခိုင်အမာကြီး ပြောနေသော Jin Hyung ကြောင့် ဘာဖြစ်ဖြစ်ကွာ အသက်မသေရင် ပီးရော ဆိုပီး ဆုံးဖြတ်ချက်သာ ချလိုက်တော့သည်.....။ ဘယ်လိုပဲဖြစ်ဖြစ် Jimin Hyung ဆီက ချစ်တယ်ဆိုတဲ့ စကားကြားရရင် စွန့်စားရကျိုးနပ်ပါသည်....။ လိုချင်တဲ့ အဖြေမဟုတ်ခဲ့ရင်ရော....။ စစ်မရောက်ခင် မြှားကုန်ချင်နေသော အတွေးတို့ကို မောင်းထုတ်ကာ......JK တစ်ယောက် ကိုယ့်ကိုယ်ကို အားပေးလိုက်သည်....။ Fighting!!!!! JK......။

ဒီနေ့ အိမ်ပြန်လမ်းသည်....သူ့အတွက် ခါတိုင်းနေ့တွေထက် တမူထူးခြားနေသယောင်ယောင်....။ကားမောင်းရင်း Jungkook တစ်ယောက် Serendipity သီချင်းလေးကို ခပ်တိုးတိုးလေးလိုက်ဆိုကာ.....အူမြူးနေတော့သည်....။ ဒီသီချင်းလေးက Jimin Hyung သိပ်ကြိုက်တဲ့သီချင်းလေးမဟုတ်လား....။Hyung ကြိုက်တဲ့အရောင် မောင်လိုက်ကြိုက်မယ်....Hyung ကြိုက်တဲ့သီချင်း မောင်လိုက်နားထောင်မယ်.....။ Hyung ဘာကြိုက်ကြိုက် ဘာလုပ်လုပ်ကွာ.....မောင် အကုန်လိုက်ကြိုက်မယ် အကုန်လိုက်လုပ်မယ်....။ ဤကဲ့သို့သော Jeon Jungkook ရယ်ပါ.....။သိလား....Hyung....မောင်ကလေ....Hyung ကို သိပ်ချစ်တာ.....။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Où les histoires vivent. Découvrez maintenant