Part-(13)

3.5K 399 11
                                    

Unicode Version

အင်ချွန်းလေဆိပ်.......

အမိမြေ.....။
ဘယ်နှနှစ်ကြာပီးမှ ခြေချမိတာလဲ....။ လေးနှစ်ကျော်ငါးနှစ်နီးပါးလား.....။လတ်ဆတ်တဲ့ လေထုကို ရှုရှိုက်ရင်း.... ..။ လာကြိုသော ကားနက်ကြီးသည် ဖိတ်ဖိတ်လက်.....။ ဖွင့်ပေးလာသော ကားထဲအား ဝင်ထိုင်ရင်း Laptop ဖြင့် အလုပ်ရှုပ်နေသော လူတစ်ယောက်.....။

Mail ထဲဝင်လာသော ဓာတ်ပုံတွေကို မမှိတ်မသုန်ကြည့်ကာ အံကိုတင်းတင်းကြိတ်ထားသည်မှာ မေးရိုးများပင် တင်းခနဲ.....။ Laptop အား စားတော့မတတ် ဝါးတော့မတတ်ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားသည်မှာ သွေးကြောများပင် ထောင်လျက်....။

မင်းပျော်နေလို့မရဘူး Jeon Jungkook....။ တစ်လလို့ ပြောခဲ့ပေမဲ့ နဲနဲနောက်ကျသွားတယ်....။ မင်းအပျော်တွေရပ်တန့်သင့်ပီလို့ မထင်ဘူးလား....။

တစ်ယောက်ထဲသော ပုံလေးကို အကြည့်အရောက်မှာတော့....ခတ်ထန်မှုတွေသည် ယုတ်ချည်း ပြေလျော့သွားသယောင်ယောင်....။ ပုံထဲမှာ မျက်လုံးလေးတွေ ပိတ်သည်အထိ....သွားလေးတွေ ပေါ်သည်အထိ ရီမောနေသူလေးကို လက်လေးနဲ့ အသာတို့ကာ....

"Min....."

"Boss....ဘယ်ကို မောင်းပေးရမလဲ...."

"JM Group နားက ဆိုင်တဆိုင်ဆိုင်ကို သွား..."

"ဟုတ်ကဲ့....."

ကော်ဖီခါးခါးတစ်ခွက်ကိုမှာရင်း အရသာခံမိတော့....Min ရဲ့စကားတွေလောက်တောင် မခါးဘူးပဲ.....။ ကိုယ့်ဘာသာကို တစ်ဖက်သက် သုံးနှုန်းခဲ့သော "ကိုကို" ဆိုတဲ့နာမ်စား....။ တစ်စုံတစ်ယောက်နဲ့ ယှဥ်လိုက်တိုင်း နောက်ကျ ကျန်ခဲ့ရမှုတွေက ကိုယ့်ကို နတ်ဆိုးတစ်ကောင်လို ဘာမှ မမြင်လောက်အောင် အမှောင်ဖုံးခဲ့သည်အထိ....။

အတွေးများစွာနဲ့....JM Group ကို လှမ်းကြည့်ရင်း မျက်လုံးထဲဝင်ရောက်လာသည်က ကားလေပေါ်က ဆင်းလာတဲ့ ချစ်ရတဲ့ Min....။ ဟန်မဆောင်နိုင်စွာပင် အပြေးလေး သွားမိပါသည်...။ ကိုယ့်ကို မြင်ရင် အံသြသွားမလားပဲနော်.....။

"Min......"

အသံကြောင့် ကိုယ့်ကိုခေါ်တာလားရယ်လို့ မသေချာပေမဲ့ လှည့်ကြည့်လိုက်မိသည်.. ...။ နေရောင်စူးစူး​ကြောင့် မျက်နှာအား Jimin သေချာမမြင်ရ.....။ သေချာတာကတော့....သူ့ဆီလာနေတာပင်....။ အသံကို ရင်းနှီးခဲ့သလိုလို။

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Where stories live. Discover now