Park(5)

4.9K 543 10
                                    

Unicode Version

1 Month Later......

"JM Group ၏ နောက်ထွက်မည့် Perfume Product Design အပြင်သို့ပေါက်ကြားမှုနင့်အတူ မူပိုင်ခွင့်နှင့် ပြိုင်ဘက် Company အား တရားစွဲဆို......"

"Design အား တရားမဝင် ခိုးယူထားခဲ့သော်လဲ ပြိုင်ဘက် Company နာမည်အား ထုတ်ဖော်ပြောကြားမှာမဟုတ်ဘူးဆိုတဲ့ JM Group ၏ CEO Park Jimin..."

"တရားစွဲဆိုမှုအပြီး JM Group ၏ Sharer စျေးများ ယခင်ကထက် အဆမတန် မြင့်တက်....."

ဒီလအစရဲ့ သတင်းစာခေါင်းကြီးပိုင်းတွင် နေရာယူထားသော သတင်းများအား ဖတ်ရင်း Jimin နှစ်ခြိုက်စွာ ပြုံးမိသည်....။ JK ဘယ်လိုဖြေရှင်းခဲ့သည်မသိ.....မူပိုင်ခွင့်ပါရလာခဲ့သည်။ တကယ်ဆို မူပိုင်ခွင့်ဆိုတာက ထုတ်ကုန်ကို စျေးကွက်ထဲ ဖြန့်တော့မယ်ဆိုတာ သေချာမှ လျှောက်ထားရရှိခြင်းပင်.....။ မင်းက အသက်ငယ်ငယ်လေးနဲ့ သိပ်တော်တယ်ဆိုတာကို ကိုယ်လက်ခံလိုက်ပီ JK....။

လက်ထပ်ပြီး နှစ်လအတွင်း သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး တိုးတက်လာသလားလို့ မေးရင်တော့ဖြင့်.....။ အင်း.....တိုးတက်လာတယ်လို့ ပြောရမည်ပင်....။ ထမင်းတူတူ စားတာ...TV တူတူကြည့်တာ.... အက်လိုလေးတွေတော့ တိုးတက်လာတယ်ပေါ့ဗျာ....ဟားဟား..။ အရင်လို မျက်နှာချင်းမဆိုင်မိအောင်မရှောင်မိတော့ဘူးပေါ့...။

Ring.......Ring.....

"H E L L O....."

(Jiminshi.....ညနေကျွန်တော် ဝင်ကြိုမယ်....ရုံးမဆင်းနှင့်နဲ့ဦး....)

"ကိုယ့်မှာ ကားပါတယ် JK..."

(ကျစ်!!!! ကျွန်တော်လာကြိုမယ်ပြောရင် အသာတကြည်လက်ခံလိုက်ပေါ့ ခင်ဗျား လျှာ တအားရှည်တာပဲ...)

ဘာမှပြန်ပြောချိန်မရလိုက်....။ ဖုန်းကို တွီခနဲ့ ချပစ်လိုက်ပုံအရ စိတ်ဆိုးသွားသည်ထင်....။

"ဘာတဲ့လဲ လာကြိုမယ်တဲ့လား...."

"အင်း...ဟုတ်တယ် ယောင်းငယ်....ဘယ်လိုလုပ်မလဲ ဒီနေ့တော့ မင်းနဲ့ လိုက်မသောက်ဖြစ်လောက်တော့ဘူး....."

"မင်း အရင်က Park Jimin မှဟုတ်ရဲ့လား.....မင်းပြန်ချင် မင်းဘာသာပြန်လို့လဲ ရသလို မင်းလိုက်သောက်ချင်လဲ ရတာပဲ... ။ မင်း သူ့ကို ဂရုစိုက်နေစရာမှမလိုတာ...."

🔥 The Flame of Love 🔥(အချစ်မီးလျှံ ) //Complete// [Uni & Zawgyi]Onde histórias criam vida. Descubra agora