Part - 3 ✨

1.3K 89 1
                                    

🔹Unicode🔹

"မြေးလေးအလင်းစစ်ကို သေချာစောင့်ရှောက်ပေးဖို့ အကူအညီတောင်းပါတယ် မောင်ဘုန်းခေတ်"

"စိတ်ချပါ အန်တီဒေါ်ခင်ဝေ အလင်းစစ်ကိုကျွန်တော့်သားတစ်ယောက်လို သေချာပြုစုပျိုးထောင်ပါ့မယ်"

"ကျေးဇူးတင်ပါတယ်ကွယ် ဒီအတောအတွင်းကူညီပေးခဲ့တာတွေနဲ့တင် မောင်ဘုန်းခေတ်ကို အန်တီယုံပါတယ်ကွယ်"

"မြေးလေးအလင်း သားကဒီဦးတို့နဲ့နေရမှာနော် မြေးလေးလိမ်လိမ်မာမာနေရမယ်နော် ဦးတို့စကားကိုလဲနားထောင်ရမယ် ဖွားဖွားပြောတာကြားလား"

အလင်းသစ်တစ်ယောက် ဆေးရုံကုတင်ပေါ်တွင်လဲနေသော အဖွားဖြစ်သူ၏ လက်ကို ကိုင်၍ မျက်နှာလေးရဲကာ တစ်အိအိဖြင့် ငိုနေလေသည်။

"သားက ဖွားဖွားနဲ့ပဲ နေမှာ နော်ဖွားဖွား ဖွားဖွားနဲ့ပဲ နေချင်တာပါဆို အမ်း..အင့်..."

"မငိုရဘူးလေ သားလေးအလင်း ဖွားဖွားက နေမကောင်းဘူးလေ ဖွားဖွားစိတ်မကောင်းအောင်မပြောရဘူး သားက ဖွားဖွားကိုချစ်တယ်ဆိုရင် မငိုရဘူး တိတ်တော့နော်"

ထိုအခါမှ မျက်ရည်လေးများကို လက်ဖမိုးဖြင့်သုတ်ကာ ဟုတ်လို့ပြောလိုက်သော်လည်း တရှုံးရှုံဖြင့် ရှိနေသေးသည်။

"သားလေးအလင်း ဖွားဖွားနားပါစေအုံး သားလဲ ဟိုဦးဦးနဲ့တူတူမုန့်သွားစားလိုက်နော်"

"ဟုတ် ဦးဦး"

"ကျော်ထင် သားလေးအလင်းကို မုန့်လိုက်၀ယ်ကျွေးလိုက်ပါအုံး"

"ဟုတ်ကဲ့ Boss"

ကျော်ထင်ဆိုသည်မှာ ဦးဘုန်းခေတ်၏ တစ်ဦးတည်းသောသားဘုန်းမင်းခေတ်၏ Driverဖြစ်သည်။ခေတ်က နိုင်ငံခြားမှာသာ ကျောင်းဆက်တက်ချင်သည်ဟု တစ်ဂျက်ဂျက်ပူဆာနေသောကြောင့် အရင်နှစ်ကထဲက နိုင်ငံခြားမှာ ပညာသင်စေခဲ့သည်။ကျောင်းပိတ်ရက်များတွင်လည်း ပြန်မလာဘဲ အခြားစီးပွားရေးဆိုင်ရာ သင်တန်းများတက်ချင်သေးသည်ပြော၍ မြန်မာပြည်သို့ ပြန်မလာပေ။ကျော်ထင်က ကားမောင်းစရာမလိုတော့သော်လည်း ခေတ်ငယ်စဉ်ကထဲကအတူရှိသူမို့ ခေတ်နိုင်ငံခြားသွားမှပြန်လာလျှင်လည်း ခေတ်Driverအဖြစ်ဆက်ရှိစေချင်သောကြောင့် အိမ်မှာပဲ တခြားအလုပ်တွေ လုပ်ရင်းနဲ့ အလုပ်ဆက်ခန့်ထားခဲ့သည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Nơi câu chuyện tồn tại. Hãy khám phá bây giờ