Part - 26✨

845 41 0
                                    

🔹Unicode🔹
.
.
.
.
.

"ငါ့အောက်မှာဒီကောင်လေးသာဆို အ၀စားပဲ"

"ငါ့လဲမျှဦးနော် ဟျောင်"

ဟိုဘက်ဝိုင်းမှအာကျယ်ကျယ်စကားသံတို့က ခေတ်တို့ဝိုင်းက အကုန်အတိုင်းသားကြားနေရသည်။

"တောက်စ်"

"တောက်စ်"

ခေတ်နဲ့ပိုင်ဇေဆီမှ တူညီစွာထွက်ပေါ်လာသော တောက်ခေါက်က်သံဖြစ်သည်။

ခေတ်တို့က သက်ဆိုင်သူပီပီ လက်သီးလက်မောင်းတန်းပြီး ထဖို့ပြင်ပေမယ့်

"ကိုကြီး ထားလိုက်ပါ သားတို့ကဧည့်သည်တွေဆိုတော့မကောင်းဘူးလေ"

"ဘယ်သူ့ကိုကြောက်နေရမှာလဲ ကိုယ်က ကလေးကို ဒီလိုပြောတာကိုငြိမ်ခံ‌နေမယ်ထင်လို့လား"

"နော်ကိုကြီး နောက်လည်းတွေ့ရမယ့်လူတွေမှမဟုတ်တာ သားကိုကြီးက ဒီလိုအဆင့်မရှိတဲ့လူတွေနဲ့ ပြိုင်ရန်ဖြစ်ဖို့မတန်ပါဘူး"

"ဟုတ်ပါပြီ ကလေးရယ် ခဏနော် ကိုယ်ဖုန်းခဏသွားပြောအုံးမယ် အလုပ်ကိစ္စသတိရလို့"

"ဟုတ်"

အခုချိန်ထိတိုင် ဟိုဘက်ဝိုင်းက စကားသံတို့က မငြိမ်သေး။

"ကိုယ်နည်းနည်းကြာသွားတယ် ကလေးကစားတောင်နေပြီလား"

"ဟုတ်တယ် ဟီး"

"ကိုယ်ခွံ့ကျွေးမယ်နော်"

"ဟုတ် ကိုကြီး"

"သီတင်းကျွတ်ကာလဖြစ်လို့ ကျွန်တော်တို့ဆိုင်မှာ အထူးအစီအစဥ်အနေနဲ့ မဲနှိုက်တာအကိုတို့ဝိုင်းကပေါက်ပါတယ် အဲ့တာကြောင့်ဟင်းပွဲလေးတစ်ချက်လောက်လိုက်ကြည့်ပေးလို့ရမလားဗျ"

ဘေးနားကwaiterတစ်ယောက်က ရောက်လာ၍ ပြောသောအသံဖြစ်သည်။

"ဟုတ်လား အဲ့ဆို ကလေးလိုက်သွားလိုက်လေ ကလေးကြိုက်တာရွေးခဲ့လိုက်နော်"

"ဟုတ်ကဲ့ကိုကြီး အကိုရှေ့ကသွားလေ သားလိုက်ခဲ့မယ်"

"ဟုတ်ကဲ့"

အလင်းတစ်ယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားမှ ခေတ်ထ၍ ဦးတည်ရာနေရာကတော့ ဟိုဘက်ဝိုင်း။အလင်းကို ပထမဆုံးစပြောတဲ့ကောင်လေးရဲ့ ခေါင်းသို့ သူတို့ဝိုင်းကပုလင်းနဲ့ပဲ ကောက်ရိုက်ပစ်လိုက်သည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Donde viven las historias. Descúbrelo ahora