Part-7✨

1.2K 66 0
                                    

🔹Unicode🔹

"Daddy ကျွန်တော်အလုပ်သွားတော့မယ်နော်"

"အေး‌အေး သားခေတ် လိုအပ်တာရှိရင် daddyကိုပြော"

"ဟုတ် Daddy"

"ကိုကြီး သားကိုကျောင်းလိုက်ပို့ပေးပါလား"

"ဟမ်"

"ဦးကျော်ထင်က နေမကောင်းလို့ သားနားခိုင်းလိုက်တာ"

"တခြားတစ်ယောက်ကို လိုက်ပို့ခိုင်းလိုက်လေ"

"ကိုကြီးက Daddy Companyကိုပဲသွားမှာမလား သားရောက်ဖူးပါတယ် လမ်းကြုံလို့ပါ"

"သားခေတ်ရယ် မင်းညီလေးကို ခေါ်သွားပေးလိုက်ပါကွာ"

"နောက်5မိနစ်နေရင် ထွက်မယ်"

"ဟုတ်ကိုကြီး Mommyရေ သားကျောင်းသွားဖို့ပြင်တော့မယ်နော်"

အလင်းတစ်ယောက်အပေါ်ထပ်သို့ ပြေးတက်သွားပြီး အိတ်များကို ပြင်ဆင်နေလိုက်သည်။ဦးကျော်ထင်က ခေါင်းကိုက်ရုံမို့ လိုက်ပို့လို့ ရသည်ပြောပေမယ့် ကိုကြီးနဲ့တူတူသွားချင်သည်မို့ အလင်းတမင်နားခိုင်းလိုက်ခြင်းဖြစ်သည်။ထုတ်ထားပြီးသားT Shirtအင်္ကျီ အဝါနုရောင်လေးနဲ့ ဂျင်းပျော့သား အနက်ရောင်ဘောင်းဘီကို အမြန်ကောက်၀တ်လိုက်သည်။ကိုကြီးက နောက်5မိနစ်နေလို့မှ ကားဆီမရောက်ရင် ထားခဲ့မှာကြောက်၍ လက်ရှည်အကွက်တစ်ထည်ကို ၀တ်ရင်းနဲ့ အောက်ထပ်သို့ ပြေးဆင်းလာသည်။

"Mommyရေ သားသွားပြီ Daddyရေ Bye Bye"

အင်္ကျီလက်ခေါက်ရင်း နောက်သို့လှည့်ပြီး အော်လိုက်သည်။

'ဗုန်း'

"အမယ်လေး Jisoo"

"အလင်းစစ် မင်းအရှေ့ကိုလဲ ကြည့်လျှောက်အုံး အမြဲတမ်း ဟိုတိုက်ဒီတိုက်နဲ့"

"ဟဲဟဲ... ကိုကြီး သားMommyတို့ကို လှည့်နှုတ်ဆက်နေလို့"

"ဂနှာကို မငြိမ်ဘူး သွားကားပေါ်တက်တော့"

"ဟွန့် သူပဲ 5မိနစ်လို့ပြောသေးတယ် နောက်ကျရင် ထာခဲ့မှာစိုးလို့ အမြန်ပြေးလာတာပေါ့"

ပွစိပွစိပြောပြီး ခြေထောက်ဆောင့်ကာ ကားပေါ်သို့ တက်သွားလေသည်။ခေတ်လဲ တစ်ခ‌ဏကြောင်အသွားမိသည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Donde viven las historias. Descúbrelo ahora