Part - 20✨

1.2K 58 3
                                    

🔹Unicode🔹

.
.
.
.
.

"ငါက ဘာလို့မောင်းချရမှာလဲ အခန်းထဲတောင် ခေါ်ထားချင်တာကို"

"ဟင်"

နေသူရိန်လဲ ခေတ်ကို အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ခေတ်လဲ ပီတီတီပြုံး၍ ဂုတ်ကို လက်ဖြင့်ပွတ်၍

"အင်း ဟုတ်တယ် ငါအလင်းကို ချစ်မိနေပြီ"

"ဟား ဟား..."

ရှက်လို့တောင် မ၀သေးဘူး နေသူရိန်ရဲ့ အသံဆိုးနဲ့ထရီမှုကြောင့် ခေတ်ရုပ်ကို တည်လိုက်သည်။

"အဟမ်း ဘာရီစရာပါလဲ တော်တော့ နွား"

"ဒါဆို မင်းရှုံးပြီပေါ့ ခေတ် ဟုတ်လား"

"ဟမ် မင်းဘာလိုချင်လဲ ပြော ဟျောင်"

နေသူရိန်လဲ စဉ်းစားဟန်လုပ်နေတုန်း

"ဒါဆို မင်းနဲ့အလင်းကရော ဘာတွေလဲ မင်းသူ့ကိုကြိုက်နေတာမဟုတ်ဘူးလား"

"ဟာ...မဟုတ်ပါဘူးကွာ ငါကသွန်းကိုကြိုက်တာ"

"ဒါဆို ဘာလို့ငါ့ကလေးနားကိုကပ်လဲပြော"

ခေတ်ကငါ့ကလေးလို့ပြောလိုက်တော့ ‌နေသူရိန်အစကကြောင်သွားသော်လည်း နောက်မှသဘောပေါက်ပြီး

"ခေတ် မင်းကတော်တော်စောက်ကဲပိုတာပဲကွာ အဲ့တာသွန်းကြောင့်ပေါ့ မင်းနဲ့အလင်း ချစ်သူဖြစ်မှငါ့ကို အဖြေပေးမယ်ဆိုလို့"

"ဒါဆို မင်းငါ့ကလေးဆံပင်ကို ကိုင်စရာလိုလားဟင်"

"ခေတ် အဲ့တာကတော့ကွာ ယုံအောင်လုပ်ရတာပေါ့"

"နောက်တစ်ခါ မထိနဲ့ မျက်လုံးနဲ့တောင် ကြာကြာစိုက်မကြည့်နဲ့ကွာ ‌ကြည့်ရဲတဲ့မျက်လုံးကို ငါကိုယ်တိုင်ထိုးဖောက်ပစ်မယ် "

"ဟား ဟား...ခေတ်ရာ"

'တီ တီ'

'Hello အလင်း'

အလင်းဆိုတဲ့အသံကြားတာနဲ့ ခွေးကောင်ခေတ်က ပြီတီတီရုပ်ဖြင့်Speaker ဖွင့်လို့ အမူအရာနဲ့လုပ်ပြတာကြောင့် နေသူရိန်လဲ ခေတ်သဘောကျလုပ်ပေးလိုက်သည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now