Part - 25✨

964 40 5
                                    

🔹Unicode🔹

"အလင်းရယ် ငါကမင်းကိုဖုန်းဆက်နေတာ မင်းအခန်းထဲသွားတော့လဲ တံခါးကမဖွင့်တော့ အိပ်နေသေးတယ်ထင်နေတာ"

"ဟင် ငါစောနိုးလို့ ဗိုက်ဆာတာနဲ့ Breakfastလာစားလိုက်တာ"

"ဟင် အကိုဘုန်းမင်းခေတ် ရောက်နေတာလား"

"ဟုတ်သားပဲ ကျောပေးထားတော့ ညီမတို့က အကိုလို့မထင်လိုက်မိဘူး"

ယုယနဲ့မိစုကပြော၍ သုံးယောက်စလုံးက ကိုယ်နဲ့ကိုကြီးကို တလှည့်စီကြည့်လျက်။

"ဟုတ်တယ် အကိုကလုပ်ငန်းကိစ္စနဲ့ ညတွင်းချင်းလာလိုက်ရတာ ဒီHotelကလဲ လေဆိပ်နဲ့အနီးဆုံးဆိုတော့ ဒီလာလိုက်တာ ရောက်မှအခန်းပြည့်နေတာသိလို့ မိုးလဲချုပ်ပြီဆိုတော့လေ အလင်းအခန်းထဲပဲ နေလိုက်တာ"

"ဟုတ်တယ် ဟုတ်တယ်ကိုကြီးပြောတဲ့အတိုင်းပဲ ထိုင်ကြလေ"

မိစုနဲ့ယုယကတော့ ပြီတိတိရုပ်ကြည့်များဖြင့်။

"ဪ ဟုတ်လား"

"ထိုင်မယ်နော် အလင်း"

"အလင်း ငါနဲ့လာအိပ်ရင်အိပ်ပါလား"

ပိုင်ဇေ၏စကား။

"ဘာလို့လဲ ပိုင်ဇေ"

အလင်းအတွက် ခေါက်ဆွဲလိပ်ကို ဇွန်းခရင်းကိုအသုံးပြု၍ဖဲ့ရင်းမေးလိုက်သည်။

"အကိုဘုန်းမင်းခေတ်အနေ ကျပ်နေမယ်ဆိုးလို့ပါ တစ်ယောက်အိပ်ကုတင်ဆိုတော့"

"ဪ ကလေးအခန်းက နှစ်ယောက်အိပ်ကုတင် ကလေးကအိပ်ရေးနည်းနည်းကြမ်းလို့လေ"

အစောကဖဲ့ထားသော ခေါက်ဆွဲထုပ်ကို အလင်းကိုခွံ့ကျွေးရင်း ပြောလိုက်သည်။

*ငါကအလင်းနဲ့မအိပ်ဖူးဘူးဆိုတော့*

"တကယ်လို့ ကုတင်ကတစ်ယောက်စာကွပ်တိပဲရှိရင်တောင် အကိုက ကလေးကိုအကို့ရင်ခွင်ထဲထပ်တူကျအောင်သိပ်လို့ရပါတယ် ဒါမှမဟုတ် ကိုယ့်အပေါ်က‌နေ မှောက်အိပ်ခိုင်းတာတို့လေ သိတယ်မလား"

"အီး အူးယားတာ"

မိစုနဲ့ယုယဆီမှထွက်လာတဲ့ မတိုးမကျယ်အသံတစ်ခု။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now