Part-15✨

1.1K 59 4
                                    

🔹Unicode🔹

"ဒါဆိုမင်းကို အလင်းကကြိုက်နေတာပေါ့"

"အေး"

"မင်းက အမရာချိုနဲ့လုပ်ငန်းသဘောအရပဲ တွေ့တာ ဒါပေမယ့်အလင်းမင်းကို အထင်လွဲပြီးမကြိုက်တော့အောင်လို့..."

နေသူရိန်တစ်ယောက် သိပြီးသားရော မသိရသေးတာတွေရော ခေတ်ပြောပြမှသိရသလိုဟန်ဆောင်ပြီး တစ်ဖန်ပြန်မေးနေခြင်းဖြစ်သည်။

"ဟုတ်ပါတယ်ဆိုကွာမင်းကလဲ"

အစအဆုံးပြောပြထားတာတောင် ပြန်ပြန်မေးနေတဲ့နေသူရိန်ကို ခေတ်စိတ်သိပ်မရှည်တော့။ပြောပြီး ‌လက်ထဲမှ ရေခဲရောထားတဲ့အရက်ခွက်ကို လှုပ်ပြီး သောက်လိုက်သည်။

"ဒါဆို ငါမေးပါအုံးမယ် အမရာချိုကမင်းကိုဘာလို့မောင်လို့ခေါ်တာလဲ ငါကြားလိုက်ပါတယ်နေ့လည်က"

"မသိပါဘူးကွာ အဲ့မိန်းမက ဉာဏ်ကလဲများပါ့ ဘာအကြံတွေရှိမှန်းကို မသိဘူး ခုလဲ အပန်းဖြေဥယျာဉ်ကိုDaddyက‌အများကြီးပေးပြီး၀ယ်တုန်းကတောင် မရဘဲ ငါ့ကိုရှယ်ယာအများဆုံးထားပြီး ဦးစီးခိုင်းတာ"

"တစ်ခုခုဆိုမင်းကိုအဲ့ကိစ္စကိုအကြောင်းပြပြီး အခွင့်အရေးလိုချင်လို့နေမှာ ဥပမာ..."

"ဟား ဟား ‌သူရိန်ရာ ဘုန်းမင်းခေတ်ဆိုတဲ့ငါက အားနာတာတွေ မျက်နှာထောက်တတ်တာတွေမရှိတဲ့ Khit Companyတင်မကဘူး Khit Hotel,Supermarket,car showroom လူတွေအပန်းဖြေလို့ ရတဲ့နေရာအမျိုးမျိုးနဲ့ ဆေးရုံကအဆုံး အရာအာလုံးကို ဦးစီးနေတဲ့သူကွ"

ပြောတာကိုနားမထောင် သူ့ဘာသာဂုဏ်ဆာနေသော ခေတ်ကို နေသူရိန်နည်းနည်းတော့ချဉ်သွားသည်။

"ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အလင်းကတော့ သနားစရာလေးကွာ"

"ဟျောင်သူရိန် မင်းသနားတယ်ဆိုပြီး အမရာချိုနဲ့ကိစ္စအမှန်အတိုင်းသွားမပြောနဲ့ဦး"

"ဒါဆို မင်းကအမရာချိုနဲ့တွဲပြဦးမယ်ပေါ့"

"အခြေအနေတစ်ခုထိပါပဲကွာ"

"ဒါပေမယ့် သူကမိန်းကလေးနော်"

"ငါ့ဘက်က ဘာမှမလိမ်ခင်ကထဲက သူကတမောင်မောင်နဲ့ဖြစ်နေတာ ဒါကသူဖြစ်ချင်တဲ့ပုံပါပဲကွာ"

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Donde viven las historias. Descúbrelo ahora