Part - 21✨

1.1K 64 2
                                    

🔹Unicode🔹

2ပတ်ကျော်ပြီ ဟုတ်တယ်2ပတ်တောင် ကျော်ပြီဖြစ်သည်။ခေတ် အလင်းကျောင်းတက်ချိန်နဲ့ ကျောင်းဆင်းချိန်တိုင်း သွားစောင့်နေခဲ့တာ 2ပတ်ကျော်တောင်ရှိခဲ့ပြီဖြစ်သည်။ကျောင်းပိတ်ရက်များတွင်တော့ ပိုင်ဇေတိုက်ခန်းရှေ့မှာပဲ သွားစောင့်နေတတ်သည်။ကိုယ့်ကို ချစ်ပါတယ်လို့ဖွင့်ပြောရဲခဲ့တဲ့ ကောင်လေးက ဘာလို့ကိုယ့်အချစ်ကို မမြင်နိုင်သလဲ ခေတ်နားမလည်နိုင်ပါ။တစ်ခါကလဲ ဇွတ်အတင်းချော့ဖို့ ကားပေါ်ဆွဲတင်တော့လဲ သားမကြားချင်ဘူး သားမလိုက်ဘူးဆိုပြီး ဘူးတစ်လုံးဆောင်ပြီး နားကြီးပိတ်ပြီး ငိုနေတာများ ကိုယ်ကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့။အငိုလွန်ပြီး တက်ချက်သလိုလိုတောင် ဖြစ်သွားတော့ ခေတ်အဲ့နည်းကို မသုံးတော့ပါ။စိတ်ဆိုးနေလို့ စကားမပြောတာထက် သူ့မျက်ရည်များကို မြင်ရတာက ခေတ်ရဲ့ရင်ကို ပိုနာကျင်စေသည်မဟုတ်လား။ အလုပ်မသွားခင်နဲ့ ဆင်းချိန်ကို သူ့ကျောင်းချိန်အမှီ မျက်နှာတော်ကို မြင်လိုက်ရမှ နေသာသလိုပင်။

နေသူရိန်ဆိုတဲ့ကောင်ကလဲ သူပြောပေးရင် ရပါလျက်နဲ့ ဘယ်ဘ၀ကထဲက ယုတ်မာတတ်မှန်းမသိ မကူညီပေ။Luryဆီမှာလည်း ဟားတိုက်ခံရမှာဆိုးသဖြင့် အကူအညီမတောင်းချင်ပါ။နောက်ဆုံးကိုယ်ကချစ်ရသူပဲမို့ ရအောင်ချော့ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ဒီနေ့က အလင်းတို့ စာမေးပွဲ နောက်ဆုံးနေ့မလား။အရင်ရက်တွေက အလင်းစာမေးပွဲနဲ့ စိတ်ရှုပ်မှာစိုးလို့ မပြောပေမယ့် ဒီနေ့တော့ တွေ့တာနဲ့ အလင်းကိုချစ်တယ်လို့ အရင်ဆုံးပြောလိုက်ဖို့ စိတ်ကူးထားသည်။သူကြိုက်တတ်တဲ့ cheese cakeကိုလဲ မနက်ခင်းကထဲက ဆိုင်မှာ အသံပုံ ‌ပုံစံလေးလုပ်ပေးဖို့ အလုပ်သွားရင်း ၀င်မှာခဲ့သည်။ရုပ်ရှင်ကြည့်ရတာ ကြိုက်တဲ့ကောင်လေးအတွက် ရုပ်ရှင်ရုံတစ်ရုံလုံးကို အပြတ်ငှားထားလိုက်သည်။ဒီလိုချော့ရင်တော့ ပြေနိုင်ကောင်းပါရဲ့ ပြီးတော့ ‌Daddy ကလဲ အန်တီဖြူပြောပြ၍ သိပြီးပြီဟု ပြောသဖြင့် ခေတ်ရဲ့ စံအိမ်ကိုသာ တစ်ခါထဲခေါ်သွားမည်ဟု စဉ်းစားထားသည်။ခေါ်မယ်ဆို Daddyတို့ကလဲ သဘောတူသည် မဟုတ်လား။အလင်းစာ‌မေးပွဲ ပြီးချိန်က နေ့လည်စာ စားချိန်လောက်ဖြစ်တာမို့ ခေတ်ပိုင်တဲ့ Hotel တစ်ခုမှာပဲ နေ့လည်စာစားဖို့ ပြင်ဆင်ခိုင်းထားလိုက်သည်။ခေတ် ဟိုစဉ်းစား ဒီစဉ်းစားရင်းနဲ့ပဲ အလင်းစာမေးပွဲပြီးတဲ့အချိန်ရောက်တော့မည်ဖြစ်၍ ကုမ္ပဏီကနေ cheese cake၀င်ယူ၍ အလင်းဆီကိုသာ တန်းထွက်လာခဲ့သည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now