Part-5✨

1.2K 87 2
                                    

🔹Unicode🔹

"Boss Ac Companyက ကျွန်တော်တို့ Companyမှာ ရှယ်ယာ၀င်ဖို့ ကမ်းလှမ်းထားပါတယ်"

"Ac Company"

"ဟုတ်ကဲ့ပါ Boss Ac Companyက လွန်ခဲ့တဲ့ ၁နှစ်လောက်ကထဲက မိန်းကလေးတစ်ယောက်ဦးဆောင်ပြီးတည်ထောင်ခဲ့တာဖြစ်ပေမယ့် အောင်မြင်မှုက ထင်ထားတာထက် အများကြီးကောင်းပါတယ်"

"အင်း ငါလဲ အဲ့သတင်းတွေ ကြားတယ် အရင်တစ်ခါကလဲ projectကြီးကြီးတစ်ခုရလိုက်တယ်ဆိုပဲ ရှယ်ယာ၀င်ဖို့ကိစ္စကို  ငါနောက်မှအကြောင်းပြန်မယ်လို့ ပြောထားလိုက်"

"ဟုတ်ကဲ့ပါ Boss"

'ကလင် ကလင်'

"သွားလို့ရပြီ လုပ်စရာရှိတာလုပ်တော့"

"ဟုတ်ကဲ့Boss"

ခေတ်လဲ သူ့ဘယ်လက်ရုံး ရှင်းလင်းထွက်သွားသည်နဲ့ မြန်မာပြည်မှဆက်လာသော အဖေဖြစ်သူ၏ ဖုန်းကို ကိုင်လိုက်သည်။

'Hello Daddy'

'ဘုန်းမင်း‌ခေတ် မင်းငါ့ကို ဘယ်အချိန်ထိ အလုပ်တွေ ခိုင်းနေဦးမှာလဲ'

'ဘာလို့လဲ Daddy'

'မင်းငါ့ကို ၁၈နှစ်သားလေးများ မှတ်နေသလားဟင် အလုပ်တွေ မလုပ်နိုင်တော့လို့မို့ မင်းကို ကုမ္ပဏီကို လွှဲပေးထားတာကွ ခုရော ဘာထူးလဲ တစ်ခါတစ်လေမှ မင်းလူယုံကို လွှတ်ပြီး စစ်ဆေးခိုင်းတယ် မင်းကိုယ်တိုင်က Khitရဲ့ ဆက်ခံသူအဖြစ် ဘယ်တော့မှ မြန်မာပြည်ကိုပြန်လာမှာလဲ'

'ကျွန်တော် မကြာခင်ပြန်လာတော့မှာပါ Daddy'

'မင်းအဲ့လို‌ပြောလာတာ ဘယ်လောက်ကြာပြီလဲ သားခေတ် မင်းDaddyက အိုနေပြီကွ Daddyတို့နဲ့ပဲ မြန်မာပြည်မှာ လာနေပါတော့လား'

'ဟုတ်ကဲ့ပါ Daddy ကျွန်တော်အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပါ့မယ်'

'ဘုန်းမင်း‌ခေတ် မင်းအဲ့က အလုပ်တွေကို ဒီရက်ပိုင်းအတွင်း အမြန် အပြတ်ဖြတ်နိုင်အောင်ဖြတ် တစ်ပတ်အတွင်း ပြန်လာတာပဲ ငါလိုချင်တယ် အေးပြန်မလာဘူးဆိုရင်တော့ မင်းငါ့ကို Daddyလို့ ဘယ်တော့မှ မခေါ်နဲ့ ကုန်ကုန်‌ပြောမယ် ငါသေရင်တောင် မလာနဲ့ကွာ'

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now