Part - 22✨

1.1K 52 4
                                    

🔹Unicode🔹

စားပွဲပေါ်က အစားအစာတွေကို တစ်မျိုးပြီးတစ်မျိုး မ၀နိုင်အောင် စားနေတဲ့ ကောင်လေးက ချစ်စရာအတိ။တစ်လုပ်မကုန်သေးဘူး နောက်တစ်လုပ်ကို ပါးစပ်ထဲ ထည့်ဖို့ ပြင်နေတဲ့ ပါးဖောင်းဖောင်းနဲ့ အစားမက်တဲ့ကောင်လေးက ခေတ်ရဲ့ အသည်းတစ်ခြမ်း။ဒီလိုချစ်စရာကောင်းတဲ့ကောင်လေးကို အရင်က ခါးခါးသီးသီးငြင်းခဲ့မိတဲ့ ကိုယ့်ဘာသာ ပါးကိုဒပလယ်ဖျက်ရိုက်လိုက်ချင်သေးသည်။အမြဲတမ်းပျော်ပျော်နေတတ်တဲ့ ကောင်လေးက သူ့ကြောင့်ပဲ မျက်ရည်ကျခဲ့ရတာကို ပြန်တွေးမိရင် ရင်ထဲက တစ်ဆစ်ဆစ်နာရသည်။နောင်ဘယ်တော့မှ ဒီကောင်လေးစိတ်မဆင်းရဲအောင်၊ပျော်အောင်ထားပေးဖို့က ခေတ်ရဲ့ရည်မှန်းချက်တစ်ခု။

"ကိုကြီး စားလေ ဗိုက်မဆာဘူးလား"

နောက်ဆုံးတော့ စားလက်စကို ရပ်ပြီး စကားစပြောလာသည်။သူ့ပန်းကန်ထဲ ကြည့်လိုက်တော့ ပြောင်သလင်းကိုခါလို့။

"အလင်းစားတာကို ကြည့်ပြီး ဗိုက်ပြည့်ပါပြီကွာ"

"ဟီး ကိုကြီးကလဲ"

"အလင်းစားလို့ပြီးရင် ကိုယ်ရှင်းလိုက်တော့မယ်နော်"

"ဟုတ်ကဲ့ ကိုကြီး"

"အလင်း"

‌ခေါ်သံကြားရာကို လှည့်ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်။ဒါ နေ့လည်ကအလင်းကို ရေလောင်းလိုက်တဲ့ကောင်မလေးဆိုတာ ခေတ်အသေအချာသိသည်။

"ဪ ကြွေလဲ့ရည်"

ကောင်မလေးက အပြုံးချိုချိုလေးဖြင့် အလင်းဘေးတွင် ၀င်ထိုင်လိုက်သည်။အသားဖြူးဖြူ မျက်ရစ်မပါ မျက်လုံးမှေးမှေးလေးက တရုတ်ကပြားမလေးမှန်း သိသာလွန်းလှသည်။ခေတ်ဘာမှတော့မပြော ဒီအတိုင်းသာ ကြည့်နေလိုက်သည်။

"ကြွေကလေ သဘက်ခါ သွားမှာဆိုတော့ သူငယ်ချင်းတွေနဲ့မုန့်လာစားတာ အလင်းရော ကြွေတို့ဝိုင်းလာခဲ့ပါလားဟိုမှာလေ‌ကြွေ့သူငယ်ချင်းတွေ"

အလင်းလှည်ကြည့်လိုက်တော့ ကောင်မလေး4ယောက်နဲ့ ကောင်လေး 2ယောက်။

"‌တော်ပါပြီ မကြွေလဲ့ရည် ကျွန်တော်ကကိုကြီးနဲ့လာ‌တာလေ စားလို့လဲပြီးပြီ"

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now