Part - 29✨

1K 38 2
                                    

🔹Unicode🔹
.
.
.
.
.

"Daddy တို့လဲ အမြင်ပဲ ကလေးနဲ့ကျွန်တော်က အလွန်အကြူးတွေလဲ ဖြစ်ပြီးသွားပြီဆိုတော့ လက်ထပ်ဖို့အကြောင်းပါ"

"ဖူးး အဟွတ် အဟွတ်"

ခေတ်စကားကြောင့် ပါးစပ်ထဲက ဝါးလက်စခေါက်ဆွဲဖက်တောင် နှာခေါင်းထဲ ရောက်အောင် သီးသွားသည်။

"ကလေး ရေ ရေ"

"ဟွန်း နှာခေါင်းထဲနေလို့ဆိုးလိုက်တာ"

"ရရဲ့လား ကလေး"

"ရတယ် ရတယ်"

"ဒီလောက်ဂရုစိုက်နေတဲ့ကြားက ကလေးရယ်"

"ခင်ဗျားကြီးအစောက ဘာပြောလိုက်တာလဲ"

"ဟင်"

အလင်းမျက်လုံးကို‌မှေးပြီး မျက်ထောင့်ကနေတစ်ဆင့်ခေတ်ကိုကြည့်လိုက်သည် ။

"ကလေးရယ် ကိုယ်က ယောက်ျားကောင်းတစ်ယောက်အနေနဲ့ ကိုယ်လုပ်ထားတဲ့တာ၀န်ကိုယူချင်တာပါ ပြီးတော့ဒီလိုကိစ္စကို Daddy တို့လဲ နားလည်ပါတယ် ဟုတ်တယ်မလားDaddy"

"ကိုကြီး!"

ကြောင်တောင်တောင်လေးကြည့်နေတဲ့ ဦးဘုန်းခေတ်တို့ဇနီးမောင်နှံမှာ ခေတ်ရဲ့စစ်ကူတောင်းမှုကြောင့် ယောင်တောင်ပေါင်တောင်နဲ့ ခေါင်းငြိမ့်ပြလိုက်ကြသည်။

"‌တွေ့လား ကလေး"

"ဟင် ဟင် ဟုတ်ပြီ စကားမများကြနဲ့ အဲ့တော့ သားတို့က မင်္ဂလာကိစ္စက်ိုဘယ်လိုလုပ်ချင်လဲ Daddyတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်"

"ကျွန်တော်က..."

"သားကတော့ မယူနိုင်ဘူး"

ကြားဖြတ်၀င်လာသော အလင်းစကားကြောင့် ဦးဘုန်းခေတ်သာမက ဒေါ်ဖြူပါ အံ့ဩသွားသည်။အလင်းဆိုတဲ့ ကလေးက ဘုန်းမင်းခေတ်ဆိုရင် အသေရရ အရှင်ရရလိုချင်သည့်ကလေးမဟုတ်‌ပေလား။ခုတော့ ဘုန်းမင်းခေတ်က အနားကမခွာနိုင်အောင် သဲကဲသလောက် အလင်းက ခပ်ချေချေပင်။ခေတ်က

"ဘာလို့လဲ ကလေးရဲ့ ကိုယ်တို့အစကထဲက လက်ထပ်ဖို့အစီအစဉ်ရှိပြီးသားလေ"

"ဒါပေမယ့် ခုမတူတော့ဘူးလေ"

"ဘာလို့လဲ သားလေးအလင်းရဲ့"

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now