Part-6✨

1.2K 81 0
                                    

🔹Unicode🔹

"အလင်းကလဲ ခုထိမလာသေးဘူးလား မသိဘူး"

"ဟုတ်ပါ့ tutoဖြေမယ့် စာလေးမရလို့ စောစောလာပြီး ရှင်းပြပေးဖို့ ပြောထားတဲ့နေ့မှ"

"နင်တို့မိန်းမတွေ တော်တော်နားငြီးတာပဲဟာ ရောက်ကထဲကပြောနေတာမပြီးနိုင်ဘူး အလင်းက အကြောင်းရှိလို့ နောက်ကျနေတာနေမှာပေါ့ ခါတိုင်းလဲ သူပဲရှင်းပြနေတာမလား နင်တို့တွေကျေးဇူးမကန်းနဲ့"

"ပိုင် နင်ကမှ ပိုပြီးစကားများနေသေးတယ် မသိရင် အကြွေးတောင်းတဲ့ ဘွားတော်ကြီးကျလို့"

စုစုဝေ၊ယုယ၊ပိုင်ဇေနှင့် အလင်းတို့က 6တန်းကထဲက ပေါင်းလာတဲ့ သူငယ်ချင်းများဖြစ်သည်။ပိုင်‌ဇေကတော့ အလင်းနဲ့ ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့တာဖြစ်ပြီး အလင်းအချစ်ဆုံးသူငယ်ချင်းပဲဖြစ်သည်။နောက်မှ စုစုဝေနဲ့ယုယတို့နဲ့ပေါင်းဖြစ်သွားတာဖြစ်သည််။10တန်းကိုလဲ တူတူအောင်ခဲ့ကြပြီး တက္ကသိုလ်ကိုလဲ တူတူတက်ခဲ့ခြင်းဖြစ်သည်။ငယ်ငယ်ကထဲက အလင်းက သူတို့ထက် စာပိုတော်တာကြောင့် စာရှင်းပြနေကြပင်ဖြစ်သည်။အလင်းစာရှင်းပြမှ ရတယ်ဆိုတော့လဲ စာညံ့တဲ့သူ‌တွေမဟုတ် ဆရာမစာသင်တဲ့ချိန်ကျ စိတ်မပါ၊အိပ်ငိုက်၊မုန့်ခိုးစားလိုက်ဖြင့် အချိန်ဖြုန်းနေပြီး အလင်းကိုသာ ပြန်ရှင်းပြခိုင်းခြင်းဖြစ်သည်။အလင်းကလဲ အိမ်မှာစာမလုပ်ချင်တတ်တဲ့အကျင့်ကြောင့် စာလုပ်ပြီးသားရတယ်ဆိုပြီး အမြဲရှင်းပြနေကြပင်ဖြစ်သည်။ဒီနေ့လဲ tutoအတွက် အလင်းကိုမနက်အစောလာပြီး စာရှင်းပြခိုင်းခြင်းဖြစ်သည်။

"ဟျောင်တွေ ဘာတွေ ပြောနေကြတာလဲ"

"အလင်း နင်ကလဲ ဒီနေ့ဆရာမသီတာကြီးtutoမို့စောလာပေးပါဆို နောက်ကျနေတာ ငါတို့စောင့်နေတာကြာလှပြီ"

"Sorry ဟာပါ"

"ဒါနဲ့လေ နင်တို့သိလား"

"အေး သိတယ်"

"ဟင် ဘာလဲ"

"ရွဲ့ပြောတာ ကိုအလင်းစစ်ရေ ပြောစရာရှိတာ မပြောဘဲ စကားပုလ္လင်လာခံနေလို့"

စုစုဝေကတော့ အလင်းနဲ့မတည့်အတူနေပီပီ ခနဲ့‌တဲ့တဲ့လေးပြောလိုက်သည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now