Part - 27✨

1K 53 0
                                    

🔹Unicode🔹

"အန်တီကြည် သားကိုကြီးကြိုက်တဲ့အမဲသားအရင်နှပ်မယ်နော် ခရမ်းချဉ်သီးကြက်သွန်လှီးထားလားဟင်"

"အကုန်အဆင်သင့်ပါပဲ သခင်လေးရယ်ကြက်သွန်ဖြူ ဂျင်းနဲ့ အမဲသားအတုံးလေးတွေကအစ အန်တီကြည်လုပ်ထားပါတယ် သခင်လေးကချက်တတ်ရဲ့လား"

"ဒီလောက်ကတော့ သားကအေးဆေးပဲဟဲဟဲ"

"နူးနေအောင် ပေါင်းအိုးလေးနဲ့လုပ်မယ် လှီးထားတဲ့ ခရမ်းချဉ်သီးတွေ အမဲသားတွေ အရင်ဆုံး အိုးထဲထည့် အချို့မှုန့် ဆား ဆီ စနွန်းမှုန့်ထည့် အင်းပြီးတော့ ရောနယ်အဖုံးအုပ်ပြီး တည်ရုံပဲ မိစုမဆီက မေးလာတာ"

"အန်တီကြည် သားငါးကြော်နေတုန်း ခါကြက်ဥနီရယ် ဗိုလ်စားပဲသီးရယ် ပန်းဂေါ်ဖီလေးရယ် လှီးပေးထားနော် သားအစိမ်းကြော်လုပ်မလို့"

"ဟုတ်ပြီသခင်လေး"

"သခင်လေးဆီကျက်မှ ငါးထည့်ရတာလေ"

"ရတယ် အန်တီကြည်ရဲ့ သားဆီပေါက်မှန်မယ်ဆိုးလို့"

"အယ် နည်းနည်းပဲ့သွားတယ်"

"အမယ်လေး ပူလိုက်တာ"

"သခင်လေး ရရဲ့လား"

"ရတယ်ရတယ် သားလုပ်မယ်"

"အန်တီကြည်ရေ လာပါအုံး"

အလင်းကြော်ထားတဲ့ငါက အကွင်းလေးတွေ အတိုင်းဖြစ်မနေဘဲ မွကြော်ထားသကဲ့သို့။တစ်ချို့ကမဲနေသည်။

"ဪ အဲ့ကြောင့်ပြောတာပေါ့ သခင်လေးရဲ့ အန်တီကြည်ကြော်ပေးရမလား"

"ရတယ် ရတယ် သားအဲ့လိုမဖြစ်အောင်ဘယ်လိုကြော်ရမလဲ"

"ဆီကျက်မှထည့်ရတယ် ပြီးတော့လေ ငါးဆိုတာမွှေနေစရာမလိုဘူး တစ်ဖက်ကျက်မှ တစ်ဖက်လှည့်ရုံပဲ"

ထို့နောက်ဆီ‌ပေါက်မှန်လို့အော်သံများအပြီးတွင်တော့ ငါးကြော်ကောင်းကောင်းလေး ရခဲ့ပြီ။

"အစိမ်းကြော်ကို ပုစွန်ခြောက်အကွေးကြီးတွေ ထည့်ကြော်မယ် ဒါတော့အကျွမ်းဆုံးပဲသိလား"

"သခင်လေးက တော်လိုက်တာ Bossတော့ သခင်လေးလက်ရာဆိုအတော်စားမှာသိလား"

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now