Part-18✨

1.1K 74 1
                                    

🔹Unicode🔹

ဒီနေ့တော့ အလင်းကျောင်းပိတ်ရက်ဖြစ်သော်လည်း ခေတ်အနားတွင်ဝေ့လည်ကြောင်ပတ်လုပ်မနေပါ။ကိုယ့်ဘာသာအခန်းထဲတွင်သာ၀င်နေလိုက်သည်။ညစာကိုတော့ ကိုကြီးနဲ့တူတူစားမှဖြစ်မည်။မနက်ဖြန်သဘက်ခါဆိုရင် ကိုကြီးကအလုပ်ကိစ္စနဲ့Usသွားရမယ်မဟုတ်လား။

"သားခေတ်မနက်ဖြန် ဘယ်အချိန်သွားမှာလဲ"

"မနက်အစော flightနဲ့ပဲသွားဖို့စီစဉ်ထားတယ်Daddy ရှင်းလင်းကိုဒီခေါ်ပြီး ရှင်းသန့်ပဲUsမှာထားမလားလို့"

"ဒါဆို မနက်ဖြန်ရှင်းသန့်နဲ့သွားမှာလား"

"မဟုတ်ဘူး ဒီမှာအလုပ်ကတော်တော်များနေလို့
ကျွန်တော်မရှိရင် သူရှိမှဖြစ်မှာ"

"သူတို့ညီကိုလဲတူတူနေရတယ် မရှိဘူး"

"အမြွှာဆိုပေမယ့် နဂိုကထဲကတည့်ကြတာမှမဟုတ်တာ ခွဲထားတာပဲ ပိုကောင်းတယ်"

"ဒါဆို မနက်ဖြန်သားခေတ်ကို ရှင်းသန့်လိုက်ပို့မှာလား"

"မဟုတ်ဘူး Daddy ရှင်းသန့်ကို Mallဆောက်ဖို့ သူ့ကိုခိုင်းထားတာလေးရှိလို့"

"အဲ့တာကရော မင်းထားခဲ့လို့ဖြစ်ပါ့မလား"

"ဖြစ်ပါတယ် အဲ့တာက Luryတို့ သူရိန်တို့နဲ့တွဲလုပ်တာမို့ပါ"

သွန်းကလဲ ခေတ်နဲ့ ကျောင်းတက်ကထဲက ခင်မှန်း သိ၍ ခေတ်ပေါ့ပေါ့ပါးပါးပဲ အထူးမိတ်ဆက်‌ပေးစရာမလိုဘဲ ဦးဘုန်းခေတ်ကိုပြောလိုက်သည်။

"ဪ Daddyလဲ အလုပ်‌တွေနားကထဲက ဘာမှကို မသိတော့တာပဲ"

"ကျွန်တော် အားလုံးစီစဉ်ပြီးရင် Daddyကိုပြောမှာပါ"

"ဒါဆို မနက်ဖြန်ကျ အိမ်ကကြိုက်တဲ့လူကို ကားမောင်းဖို့ခေါ်သွား"

"ရပါတယ် Daddyဘယ်သူမှမခေါ်တော့ပါဘူး"

ထိုအခါမှ ခေတ်တို့စကားပြောနေတာကို ထမင်းစားရင်း ခိုးနားထောင်နေတဲ့ အလင်းခေါင်းထောင်ပြီး ခေတ်ကိုကြည့်လာသည်။ဒါကိုသိတဲ့ခေတ်က အလင်းကိုတစ်ချက်ကြည့်လိုက်ပြီး

"အမရာလာကြိုပေးမှာပါ"

"သားခေတ် အမရာဆိုတာက..."

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Tempat cerita menjadi hidup. Temukan sekarang