Part - 28🔞🔞🔞

1.5K 43 0
                                    

🔹Unicode🔹

ဒီအပိုင်းမှာ 𝔚𝔞𝔯𝔫𝔦𝔫𝔤🔞 နည်းနည်းထည့်ထားပါတယ်နော်

"ကလေး ဘယ်မှာလဲ"

ကားပေါ်ကဆင်းဆင်းချင်း သုတ်သုတ်ပြာပြာနဲ့ အိမ်ထဲပြေး၀င်လာတဲ့ခေတ်။

"အခန်းထဲမှာပါBoss အရက်တွေသောက်လာတဲ့ပုံပဲ သခင်လေးရဲ့သူငယ်ချင်းတွဲတောင်ပို့ရတယ် တော်တော်သောက်လာတယ်ထင်တယ်"

"ဟုတ်ပြီ ကျွန်တော်လိုရင် ခေါ်လိုက်မယ်"

ထို့နောက် အိမ်ပေါ်သို့‌ပြေးတက်သွားသောခေတ်။အခန်းထဲရောက်တော့ နေ့လည်က၀တ်ထားတဲ့ အပေါ်ထပ်လက်ရှည်အပါးက ဖရိုဖရဲနှင့် အိပ်ယာထဲ လှဲနေတဲ့အလင်း။

"ကလေး"

"ဘာကလေးလဲ ‌ဘယ်သူလဲ"

မျက်လုံးမဖွင့်ဘဲ လေးတိလေးကန်အသံနဲ့ ပြန်ပြောတဲ့အလင်း။

"ကိုယ်လေ ဘယ်တွေလျှောက်သွားနေတာလဲ"

"ဘယ်ကိုယ်လဲရှိပါ့ ရူးနေလား ကိုယ်ကဒီမှာ ခေါင်းကဒီမှာ"

အလင်းသူ့‌ခန္ဓာကိုယ်နဲ့ ခေါင်းကိုပုတ်ပြီး ပြောလေရဲ့။

"ဒီကလေးလေးကွာ မူးနေတာချစ်စရာလေး ကိုယ်လေ ကလေးလေးရဲ့ကိုကြီးလေ"

အလင်းရဲ့အပေါ်ထပ်အင်္ကျီလေးကိုချွတ်ပေးရင်း ပြောလိုက်သည်။

"ကိုကြီး ဟုတ်လား"

"ဟုတ်ပါတယ်ဗျ"

ထိုအခါမှ မျက်လုံးနှစ်လုံးကို ဖွင့်လာပြီး

"သွား အနားကို မလာနဲ့"

ခေတ်ကိုအတင်းတွန်းထုတ်တဲ့ ကလေးငယ်။

"ဘာလို့လဲ ကလေးရဲ့ ကိုယ့်ကိုစိတ်ဆိုးနေတာလား လာပါကိုယ်ကလွမ်းနေတာ ဖက်ထားချင်လို့"

ခေတ်ကဖက်တော့ အတင်းရုန်းပြီး

"ခင်ဗျားကိုမုန်းတယ် ကျွန်တော့်အသားကိုမထိနဲ့"

မျက်ရည်တို့ကျလျက် ဆိုလာတဲ့ကလေးငယ်။

"စိတ်ဆိုးနေရင် ကိုယ်ချော့မှာပေါ့ နော် အဲ့လိုတွေရှောက်မပြောရဘူး ငမူးလေးရဲ့"

"ကျွန်တော် မမူးဘူး အကုန်သိတယ်"

အစောကခြေကားယား လက်ကားယားနဲ့မူးနေတဲ့ကလေးငယ်က ခုများတော့ မမူးဘူး အကုန်သိတယ်လို့တောင် ပြောနေသေးသည်။

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Where stories live. Discover now