Part-2✨

1.4K 91 8
                                    

🔹Unicode🔹

နောက်လထဲဆိုရင် ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့မှာဖြစ်သည်။ဘုန်းမင်းခေတ်တစ်ယောက်ကတော့ သင်တန်းတွေတက်နေတာနဲ့ပဲ အချိန်ကုန်နေမိသည်။ဒီနေ့ကျောင်းအားရက်မို့ အိမ်တွင်သာ နေဖြစ်၍ Computer Course မှ သင်ခန်းစာများကို ပြန်လေ့လာနေသည်။

'တိန်'

Sms တစ်စောင် ၀င်လာ၍ ကြည့်လိုက်သည်။အခြားတော့မဟုတ် ပဲခူးတွင်နေခဲ့စဉ်ကတည်းက ပြိုင်ဘက်လည်းဟုတ် အချစ်ဆုံးသူငယ်ချင်းလေးဖြစ်သည့် နေသူရိန်ဆီမှ Please call me back ပို့လိုက်ခြင်းသာဖြစ်သည်။ဘုန်းမင်းခေတ်လဲ ချက်ချင်းဖုန်းပြန်ဆက်လိုက်သည်။

'Hello'

'‌‌ဟျောင် ခေတ် မင်းကလဲ ငါ့ဆီကို ဖုန်းလေးတောင် မဆက်ဘူး မင်းနဲ့ လည်ပင်းဖက်ပေါင်းလာတဲ့ ငါ$ချောကြီး မသေသေးဘူးကွ မဟုတ်မှလွဲရော မင်းနောက်စော်နဲ့ပဲ ကြူနေတာမဟုတ်ပါဘူးနော်'

Helloလေးတစ်လုံးပြောရသေးတယ် စက်သေနတ်ပစ်သလို ဒလဆက်ပြောနေသော ချစ်စရာသူငယ်ချင်းလေးအား

'သားရယ် မင်းဖေဖေက မအားလို့ပါကွ'

'ခွေးကောင် ချီးကိုသားပါလား ဘုန်းခေတ်သားရဲ့'

'ဟိတ်ကောင် မင်းကိုအဖေနာမည် မခေါ်နဲ့လို့ ခွေးသူတောင်းစားရဲ့$#£$#'

'‌တော်ပါတော့ကွာ ငါက နည်းနည်းပြောရသေးတယ် မင်းကလဲ စိတ်ကြည့်ပဲ'

'အေး မင်းတောင် ဖုန်းမခေါ်ဘဲ ငါ့ကိုPlease call me backပို့ပြီးတော့ အဲ့လောက်တောင် မွဲနေပြီလား'

'မွဲဆို မုန့်ဖိုးကဖြတ်ခံရထားတာကိုကွ'

'မင်းကလဲ တစ်လမှာ ရက်30လောက်ဖြတ်ခံနေရတာ မင်းဘာတွေလုပ်မှန်းမှမသိတာ'

'ဒီတစ်ခါ အတော်ဆိုးတယ် ဟျောင်ရေ ငါတော့ မမနိုနိုကိုလန့်သွားပြီ'

'ဟား ဟား မင်းကတော့ ဒါပဲကွာ မင်းကိုက နှာခေါင်းကြီးတာ'

'ခေတ် မင်းငါ့ကို ရန်စနေတာလား'

'မဟုတ်ပါဘူးကွာ'

'ဒါနဲ့ မင်းရော အမရာချိုနဲ့ ဘယ်တုန်းက ပြတ်သွားတာလဲ'

Am I Love With You? [𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑]Onde histórias criam vida. Descubra agora