Unicodeသူက ဗီလိန် ကုရွှမ်းယန်ပင် ဖြစ်သည်။ သူ့အနီးအနားရှိ ဂုဏ်သရေရှိသော လေထုနှင့်အတူ အနာဂတ်တွင် သူက ဘယ်လောက်တောင် သတ်ဖြတ်မှုတွေ ကျူးလွန်လိမ့်မည်ကို ဘယ်သူမှ ခန့်မှန်းရန် နည်းလမ်းမရှိပေ။ သို့သော် ဒါကမျှော်လင့်ထားသည့်အတိုင်းပင် မူရင်းဝတ္ထုထဲရှိ လူပုဂ္ဂိုလ်တစ်ယောက်တောင်မှ ဇာတ်သိမ်းအထိ သူ့ကိုလုံးဝ သံသယမဝင်ခဲ့ပေ။ အဆုံးတွင် သူသည် သူ့ကိုယ်သူ ထုတ်ဖော် ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ချောက် ကမ်းပါး၌ ပိတ်မိစေသော ထောင်ချောက်တွင် ကျရောက်ခဲ့သည်။ တကယ်တမ်းတွင် ကုရွှမ်းယန်၏ ကိုယ်ပိုင်သွင်ပြင်သည် အစိမ်းရောင်တောင်ထွတ်မှ အဓိကတပည့်တစ်ယောက်ဖြစ်၍ မှော်နက်လမ်းစဉ်ကျင့်ကြံရေး၏ ခေါင်းဆောင်အား ဆန့်ကျင်သော အဖွဲ့၏ ခေါင်းဆောင်များထဲမှ တစ်ယောက်လည်း ဖြစ်ပြီး လူတ်ိုင်းက သူ့အမိန့်အား နာခံရိုကျိုးစွာလိုက်နာကြသည်။ ဒါ့အပြင် သူသည် သူ၏သတ်ဖြတ်ခြင်းမှ တစ်စုံတစ်ယောက်အား ဘယ်တော့မှ ရှင်သန်ခွင့်ပေးလိမ့်မည် မဟုတ်ပေ...
ကျုံးယန်စိတ်ထဲတွင် တွေးမိသောအတွေးက မှန်ကန်နေချိန်တွင် systemက အားပျော့သောအသံလေးနှင့် ပြောလာခဲ့သည်။ [ဒါပေမဲ့ အခု ရှင်သန်ခွင့် ရှိသွားပြီလေ...]
ကျုံးယန် "....." Fuck you
ဂိုဏ်းချုပ်က ကုရွှမ်းယန်၏ ပြန်ကြားချက်ကို ကြားသော် သက်ပြင်းချလိုက်သည်။ "ဒါဆိုရင် အားလုံး သွားကြရအောင်... မင်းတို့အကိုကြီးချင် အားပြန်ပြည့်တော့မှ ဆက်ကြရအောင်.. ဒီကာလအတွင်း တောင်တွေတိုင်းမှာ လုံခြုံရေးကို တင်းကျပ်ထားရမယ်.. " သူရပ်တန့်သွားပြီးနောက် အံကြိတ်လိုက်သည်။ "အဲ့ဒီ အယုတ်တမာကောင်က မင်းတို့ရဲ့ တတိယအကြီးအကဲကို သတ်ရုံတင်မက သူတို့က သူ့ရဲ့ရွှေအမြုတေကိုလည်း ဖျက်ဆီးလ်ိုက်တယ်။ အစိမ်းရောင်တောင်ထွတ်က သူ့ကို အပြစ်ဒဏ်ခတ်ဖို့ ကတိပေးပါတယ်"
ကုရွှမ်းယန်ဆီကို ကျုံးယန် မြန်ဆန်လှတဲ့အကြည့်တစ်ချက်ကို ပေးလိုက်သည်။ သူက အမြဲတမ်းလိုလို တည်ငြိမ်နေပုံပေါ်ပြီး သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ဖို့ သတိပေးချက်ကို မပေးခင် ဂိုဏ်းချုပ်ကိုတောင် ကူညီလိုက်သေးတယ်။ ကျုံးယန်က ဒါကို သနားစရာကောင်းတယ်လို့ သိသွားတယ်။ သူကမှားယွင်းနေတဲ့ခေတ်ကြီးမှာ မွေးဖွားလာရုံပါပဲ။ မင်းသာ မော်ဒန်ခေတ်ထဲမှာ နေရင် မင်းရဲ့ကြည့်ကောင်းတဲ့ ရုပ်ရည်နှင့် ထိပ်တန်းသရုပ်ဆောင်စကေးနဲ့အတူ မင်းရဲ့အိမ်က အချိန်မရွေး ဆုတံဆိပ်တွေနဲ့ ပြည့်နှက်နေမှာပဲ။ မင်း ဘယ်တော့မှ ဗီလိန်တစ်ယောက် အဖြစ် ပြောင်းလဲသွားမှာမဟုတ်ပါဘူး...
YOU ARE READING
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Historical Fiction•I think you would like this novel >.<