Chapter /3/

1.7K 338 20
                                    


Unicode

Amoghavajraဗုဒ္ဓခန်းမသို့ ရောက်ရှိခြင်း

သူတို့နှစ်ယောက်သည် နောက်တစ်နေ့တွင် ထွက် လာခဲ့ကြသည်။ ဂိုဏ်းထဲတွင် ကုရွှမ်းယန်၏ ရေပန်း စားမှုကြောင့် ဂိုဏ်းတပည့်အစုအဝေးကြီးသည် သူ့ကိုလိုက်ပို့ရန် ဝင်ပေါက်၌စုဝေးနေကြသည်။ သူ့ကိုယ်သူဂရုစိုက်ရန်နှင့် မကြာခင်ပြန်လာဖို့ကို မှာကြားနေသောလူတိုင်းက သူ့နားတွင်အုံဖွဲ့နေပြီး ကျွက်ကျွက်ညံသံများက သူ့အားဝန်းရံထားလေသည်။ သူတို့၏နောက်ကွယ်တွင် ပျော်ရွှင်ရမည်ထက် ကျုံးယန်သည် လုံးလုံးလျားလျား တိတ်ဆိတ်ကာနေ၏။

ဝန်းရံခံရထားသော်ငြား ကုရွှမ်းယန်သည် သူ့မျက်နှာပေါ်၌ ဒေါသထွက်မှုအရိပ်အယောင်တောင် မရှိပေ။ လူအုပ်ကြီးကို နှုတ်ဆက်ပြီးသည့်အခါမှသာ ကုရွှမ်းယန်းသည် တစ်ဖက်ခြမ်းတွင် ကျောက်ရုပ်တုကြီးကဲ့သို့ မတ်တပ်ရပ်နေဆဲသာရှိသော ကျုံးယန်ကို လှည့်ကြည့်လိုက်သည်။ "ရှစ်ရှုန်း သွားရ အောင်"

မဟာကန္တာရကြီးတွင် ကျော်ကြားသောဗုဒ္ဓဂိုဏ်းဖြစ်သည့် Amoghavajraဗုဒ္ဓခန်းမသည် ကမ္ဘာလောကကြီး၏ကျန်ရှိသောနေရာနှင့် တသီးတသန့်ဆန်သော မြောက်ပိုင်းပင်လယ်ရှိ Amoghavajra တောင်၌ တည်ရှိသည်။ ထိုနေရာသည် အတော်အတန်ဝေးလံသောကြောင့် သူတို့နှစ်ဦးစလုံးသည် ဓားပျံစီးရလေ၏။ အချိန်တွေကြာသွားပြီးနောက် နောက်ဆုံးတွင် သူတို့၏ခရီးပန်းတိုင်သို့ ရောက်ရှိလေသည်။ ဧည့်သည်များကိုအသိအမှတ်ပြုခြင်းအား တာဝန်ယူဆောင်ရွက်သော ဘုန်းတော်ကြီးက ပင်လယ်ပြင်၌ စောင့်ကာနေသည်။ သူတို့နှစ်ယောက်ကို မြင်သည့်ချက်ချင်းတွင် သူ့လက်များကို အတူတကွပူးကပ်ပြီးနောက် ရွတ်ဆိုသည်။ "အော်မီထော်ဖော်"

ကုရွှမ်းယန်သည် ဆုတောင်းသူအား ပြန်ကြားလေသည်။ "ပညာရှိရှစ်ယင်းက ဗုဒ္ဓဝါဒရဲ့လမ်းစဉ်အတိုင်း အဆင့်တက်လှမ်းသွားပြီလို့ ကျွန်တော်တို့ကြားသိရပါတယ်.. အစိမ်းရောင်တောင်ထွတ်ရဲ့ ကုရွှမ်းယန်နဲ့ ချင်မင်ရှီတို့က ကျွန်တော်တို့ရဲ့ဂိုဏ်းချုပ်ကိုယ်စား သူ့ကိုဝမ်းမြောက်ကြောင်းပြောဖို့ ရောက်ရှိလာကြောင်းပါ"

'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Dove le storie prendono vita. Scoprilo ora