Unicodeဂူတစ်လုံးထဲတွင် ခေတ္တနားခိုခြင်း
ကောင်းကင်မှာ မှောင်မဲလာသည်ကြောင့် ကျုံးယန်သည် သူတို့၏ဘေးဘီဝဲယာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သူ၏မှုန်ဝါးနေသော အမြင်အာရုံမှ သူတို့၏တည်နေရာမှာ တောင်ခြေတစ်ခုဖြစ်သည်ဟုပင် ဝိုးတဝါးခန့်မှန်းနိုင်သည်။
တောင်ကြားရှေ့တွင် မြူဆိုင်းနေသော တောအုပ်တစ်ခုရှိပေသည်။ ပိုးကောင်မွှားနှင့် ငှက်တို့၏ ရံဖန်ရံခါဟစ်ကြွေးသံများနှင့်အတူ ဒွန်တွဲ၍ အပင်များ၏အရိပ်တို့၊ မြူခိုးတို့ လွှမ်းခြုံနေကာ တောအုပ်ကြီးသည်ကား ရပ်ကြည့်နေသူဘယ်သူမဆို အရိုးထဲထိအေးစိမ့်မှုများအား ပို့ဆောင်နေတော့သည်။
တောင်ထဲသို့ဝင်လိုက်ပြီးသောအခါ ကုရွှမ်းယန်နှင့် ကျုံးယန်သည် အကာအကွယ်ပေးနိုင်ရုံလောက်သာဆိုသော ဂူတစ်လုံးအား ရှာတွေ့သွားသည်။ သူတို့စုဆောင်းလာသော ခြောက်သွေ့သည့်သစ်ကိုင်းခြောက်နှင့် သစ်ရွက်တို့ကို စုပုံပြီးနောက် မန္တာန်ရွတ်ဆိုသံနှင့်အတူ မီးမွှေးလိုက်သည်။
ကျုံးယန်သည် မြစ်ကမ်းနံဘေးပေါ်တွင် ရေများ၏ရိုက်ခတ်မှုကိုခံရပြီး ဘယ်လောက်ကြာသည်ကို နတ်ဘုရားများသာ သိသည့်အထိ မြေကြီးပေါ်လဲလျောင်းနေခဲ့ပြီးရလဒ်မှာ သူ့အဝတ် များက အနည်းငယ်ရေရွှဲနေတော့သည်။ လေတိုက်နေသောကြောင့် အအေးဓာတ်မှာ သူ့အရိုးထဲထိ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ထံမှ အပူဓာတ်တို့ကို ယူဆောင်သွား၏။ သူ့အဝတ်များကို သန့်ရှင်းသွားစေရန် ဖုန်မှုန့်ဖယ်ရှားသည့်မန္တာန်ကို ရွတ်ဆိုလိုက်ပြီးနောက် သူ့ကိုယ်သူနွေးသွားစေရန် မီးပုံရှိရာသို့ တရွေ့ရွေ့နှင့်သွားလေ၏။
မီးပုံမှ အတန်ငယ်ခပ်ဝေးဝေးတွင် ကုရွှမ်းယန်သည် မျက်လုံးတို့ကိုမှိတ်ထားကာ ပုံမှန်အသက်ရှူနေ၏။
အနွေးဓာတ်တို့က ကျုံးယန်ကိုယ်ထဲတွင် ပျံ့နှံ့လာပြီး သူ့ကို အိမ်မက်ကမ္ဘာထဲသို့ လှုပ်သိပ်နေတော့သည်။ သူတစ်မှေးလောက် အိပ်ပျော်တော့မယ့်အချိန်လေးတွင် ကုရွှမ်းယန်က သူ့အားမေးလာသည်ကို သူကြားလိုက်သည်။ "သွေးကျိန်စာလို့ခေါ်တဲ့ အဲ့ဒါက အတိအကျဆိုရင် ဘာလဲ?"
YOU ARE READING
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Historical Fiction•I think you would like this novel >.<