Unicode
စိတ်ပျက်သွားမှု
မဟာကန္တာရကြီး၏ အရှေ့ပင်လယ်တွင် အကောင်းဆုံးညရှုခင်းရှိပေ၏။ ဆွတ်ဆွတ်ဖြူနေသောလစန္ဒာက မိုးကုပ်စက်ဝိုင်းတွင် ချိတ်ဆွဲထားလျက်ရှိပြီး ပင်လယ်၏မျက်နှာပြင်အား အလင်းရောင်ဖြန့်ကျက်ထားလေသည်။ လရောင်အောက်တွင် လှိုင်းလုံးများက ရေနဂါးကဲ့သို့ပင် တလိမ့်လိမ့်တက်နေသည်မှာ ရေပြင်များကိုရိုက်ခတ်လှုပ်ရှားစေပြီး နဂါး၏ရွှေရောင်အကြေးခွံများမှာ ရံဖန်ရံခါရေစီးနှင့်အတူ မျှောလေသည်။ ကြီးမားကျယ်ပြန့်သောပင်လယ်သည် အတွေးများကိုကင်းမဲ့စေပြီး အရာရာတိုင်းအား မတည်ရှိခြင်းအဖြစ်သို့ တကျော့ပြန်လေ၏။ သို့သော်ငြား ချွမ်းချင်သည် သဘာဝရှုခင်းကို ခံစားရန် စိတ်မပါပေ...။
ညဉ့်နက်သန်းခေါင်ယံတွင် လူတိုင်းက နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ဗုဒ္ဓခန်းမ၏အလယ်ဗဟိုတွင် တည်ရှိနေပြီး ချွမ်းချင်သည် သူ၏အိပ်ကပ်မှ အနက်ရောင်အရ်ိုးဝီစီကို ထုတ်ပြီးနောက် သူ့ပါးစပ်ပေါ်တွင်တင်လိုက်ကာ မြောက်အရပ်သို့ဦးတည်၍ မှုတ်လေ၏။ ဝီစီသည် ဘာအသံမှမထွက်ဘဲ ပျက်နေပုံပေါ်သည်။ သို့သော် စိတ်မရှည်ရမည့်အစား သူသည်ဝီစီကိုဆက်မှုတ်ပြီး စောင့်ဆိုင်းလျက်ပင်။
ခဏတာကြာသွားပြီးနောက် မြောက်ပိုင်းသိမ်းငှက်သည် မြောက်ဘက်မှပျံလာပြီး သူ့ပခုံးပေါ်သို့ တည်တည်ငြိမ်ငြိမ်ပင် ဆင်းသက်လေသည်။ သိမ်းငှက်တွင် သွေးနီရောင်မျက်လုံးတစ်စုံနှင့် ချွန်ထက်သောခြေသည်းများရှိသည်သာမက ယင်းကိုလွှမ်းခြုံထားသော မှော်နက်အငွေ့အသက်တို့ခပ်ဖျော့ဖျော့လည်း ရှိလေသည်။ သို့သော်ငြား ကျင့်သားရနေသယောင် သိမ်းငှက်၏ခြေထောက်တွင် စာအပိုင်းလေးချည်ပေးလိုက်ပြီးနောက် သူလှောင်ရယ်လိုက်သည်။ "အားလုံးအဆင်ပြေသွားတဲ့အချိန် အဲ့ဒီကောင်လေး ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ စောင့်ကြည့်တာပေါ့" သိမ်းငှက်၏ကျောကို သူပုတ်ပေးလိုက်၏။ "သွားတော့"
သူ့ရဲ့အတောင်များကို လှုပ်ခါပြီးသောအခါ မြောက်ပိုင်းသိမ်းငှက်သည် ညကောင်းကင်ယံသို့ မဆိုင်းမတွ ပျံတက်သွားသည်။
![](https://img.wattpad.com/cover/263130689-288-k975717.jpg)
YOU ARE READING
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Historical Fiction•I think you would like this novel >.<