Unicode
မှော်နက်မိစ္ဆာအရှင်
တကယ်တမ်း၌ အဆုံးသတ်တွင်မူ ကျုံးယန် သူဘယ်လိုရှင်းပြသင့်သည်ဆိုတာကို မသိတော့။
မင်းတို့အားလုံး မှားနေကြပြီ။ ငါက ကုရွှမ်းယန်နဲ့ချနေရုံပဲလို့.. ဟမ်? ငါတို့ဘာလို့ချနေခဲ့တာလဲ? ကောင်းပြီ သူက လီယွင်ကျီနဲ့ ချွမ်းချင်တို့ နှစ်ယောက်လုံး သေဆုံးရခြင်းရဲ့ တရားခံဖြစ်နေတာက်ို ငါသိသွားလို့ပဲ.. အဲ့ဒီလိုဆိုရင် မှော်နက်ကျင့်ကြံသူတွေကို ရှင်းလင်းချက်တစ်ခုအတွက် ဘာလို့တောင်းဆိုနေရမှာတုန်း..? ဂိုဏ်းအကြီးအကဲတွေအားလုံးက ကုရွှမ်းယန်ကို တကယ်သတ်ဖို့ လက်တွဲပြီးပူးပေါင်းနိုင်တယ်လေ.. အလုပ်လဲပြီးရော လူတိုင်းပြန်သွားနိုင်တယ်
ကုရွှမ်းယန်က လူတွေအများကြီးကို သတ်လိုက်ရင် ကိစ္စမရှိဘူး.. *အသတ်ခံရတာ* ဒါမှမဟုတ် အချိန်နဲနဲလောက်ကြာပြီးမှ ငါ့ကိုသတ်ဖို့ကြိုးစားရင် ရလဒ်ကတော့ အတူတူပဲလေ..ငါ သေရလိမ့်မယ်.. ဘဝကြီးက ငါ့အတွက် အရမ်းခက်ခဲလွန်းပါတယ်..
<<ဒီနားလေးမှာ တစ်ခုလောက်ပြောချင်လို့... *အသတ်ခံရတာ* အဲ့ဒါကလေ လူတွေအသတ်ခံရတာကိုပြောတာပါ အဲ့တော့ သူpointတွေနှုတ်ခံရပြီး ဂိသွားမယ်.. အဲ့လိုမျိုးကိုပြောချင်တာပါ>>သူတို့ပြန်သွားသောအခါ သူတို့လေးယောက်၏ မျက်နှာပေါ်တွင် အမူအရာပေါင်းစုံ ဆင်ယင်ခြင်းခံထားရသည်။ အပြန်လမ်းတစ်လျှောက်လုံးတွင် လုံးလုံးလျားလျား တိတ်ဆိတ်လျက်ရှိပြီး သူတို့တဲစခန်းသို့ရောက်သည့်အချိန်တွင် လျန်ကျန့်တစ်ယောက်သာ သူ့ရဲ့သတ္တိတွေကိုစည်းရုံးလိုက်သည်။ "ညီလေးချင် မစိုးရိမ်နဲ့ ငါဘယ်တော့မှ ဖွင့်မပြောပါဘူး"
ဆန့်ကျင်ဘက်တွင်မူ ကျီချန်းယွင်မှာ ကုရွှမ်းယန်အား သာမန်သာဆန်သောအကြည့်တို့ဖြင့် ကြည့်နေရင်း သူက တည်ငြိမ်စွာပင် ပြော၏။ "လက်တွဲဖော်ရှိတာက ကောင်းပါတယ်.. ဒါပေမဲ့ မင်းက နောက်တစ်ဆင့်ကို တက်တော့မှာ ဒီတော့ အခု မင်းရဲ့ကျင့်ကြံရေးကိုပဲ အာရုံစိုက်ထားသင့်တယ်"
ESTÁS LEYENDO
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Ficción histórica•I think you would like this novel >.<