Unicode
ဇီးသီးစိမ်းများ
ကျုံးယန်သည် ကူးပြောင်းလာခဲ့ကတည်းက သူ့ကိုသတ်ခြင်းနှင့် အခြားသူများကိုသတ်ခြင်းမှ ကုရွှမ်းယန်အား တားဆီးရသောကြောင့် စက္ကန့်တိုင်း သူ့ကိုယ်သူတောင့်ခံထားနိုင်ဖို့ ဆုတောင်းခဲ့၏။ ကုရွှမ်းယန်က သူ့ကိုသတ်လုနီးနီးဖြစ်ခဲ့သည်ကို သူသိသွားသည့်ချက်ချင်း သူ့ရဲ့တင်းမာနေမှုများက စတင်လျော့နည်းလာသည်။ ဖြစ်နိုင်သည်က သူ့ရဲ့သေလု နီးပါးအတွေ့အကြုံမှာ သူ့ဆီမှစိုးရိမ်ပူပန်မှု တော်တောများများအား အရည်ပျော်သွားစေခဲ့သည်။
ဒါ့အပြင် ထူးထူးဆန်းဆန်းပင် ကုရွှမ်းယန်က သူ့ဘဝဇာတ်ကြောင်းအား သူ့ကိုဝေမျှခဲ့သည်။ များများစားစားမပြောခဲ့သော်လည်း ကျုံးယန်သည်ဝတ္ထုကိုပြန်စဉ်းစားပြီးရာမှ ကုရွှမ်းယန်က သူ့အတိတ်အား ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ ဖြစ်နိုင်သည်မှာ ကုရွှမ်းယန်က သူ့ကိုအချိန်တစ်ခုကြာ သတ်လိမ့်မည်မဟုတ်ဟု ကျုံးယန်ခံစားမိသည်။ တကယ်တမ်းတွင် သေလူသည် ဘာဇာတ်လမ်းမှပြောနိုင်မည် မဟုတ်သောကြောင့် ကုရွှမ်းယန်က ကျုံးယန်၏ဖြစ်လာမည့်သေခြင်းတရားကြောင့် သူ့အတိတ်ကို ဝေမျှနေသည်မှာလည်း ဖြစ်နိုင်၏။
ဒါပေမဲ့ ဂိုဏ်းများအားလုံး၏ မြင့်မားသောကာကွယ်မှုများက ကျုံးယန်၏ပူပန်မှုများကို လျော့နည်းစေသည်။ တကယ်တော့ အစိမ်းရောင်တောင်ထွတ်၏ အဓိကဂိုဏ်းတပည့်များမှ တစ်ယောက်ဖြစ်သော ကုရွှမ်းယန်က ကာကွယ်ရေးတိုးမြင့်သည်ဟုယူဆသောကိစ္စရပ်များကြောင့် သူကိုယ်သူရှေ့မတိုးနိုင် ဖြစ်လိမ့်မည်။ သူ့တွင် သေချာပေါက် အကြံအစည်များ ရေးဆွဲရန် အချိန်မရှိပေ။
အားလပ်သည့်အချိန်များနေသောကြောင့် ကျုံးယန်သည် အပျင်းပြေရန်အတွက် ကျင့်ကြံရေးကို စတင်ကျင့်ကြံခဲ့သည်။ သူသည် အမြုတေဖြစ်တည်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်နေသောကြောင့် အံ့အားသင့်သွားပြီး သူ့ရဲ့တိုးတက်မှုကို ခန့်မှန်းကြည့်ရာ မကြာခင်တွင် သူ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။ အစိမ်းရောင်တောင်ထွတ်၏ ဂိုဏ်းတပည့်များနှင့်မတူ ယင်းကဲ့သို့သောအောင်မြင်မှုက မကြီးကျယ်သော်လည်း သူ၏တိုးတက်မှုက အချိန်တချို့ကြာအောင် သူ့အားဝမ်းမြောက်ကြည်နူးစေသည်။ ကုရွှမ်းယန်တောင်မှ သူ့ကို ဆေးသောက်ရန် ပုံမှန်စစ်ဆေးသည့်အချိန်အတွင်း ဝမ်းမြောက်ကြောင်းပြောသွားလေသည်။
ŞİMDİ OKUDUĞUN
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Tarihi Kurgu•I think you would like this novel >.<