Chapter /11/

1.8K 356 55
                                    

Unicode

မှော်နက်မိစ္ဆာအရှင်ကို တိုက်ခိုက်ခြင်း

နောက်ဆုံးတွင်မူ သူထိန်းသိမ်းလာခဲ့သော အေးချမ်းသာယာသည့်ပုံရိပ်ကို ခွာချလိုက်ပြီး ချန်လွမ်သည် သူ့ညာလက်အားဆန့်ထုတ်လိုက်ရာ ဓားရှည်တစ်ချောင်းက ရုတ်တရက်ပေါ်လာ​၏။ လှေကားထစ်များအောက်၌ ရပ်နေသောကုရွှမ်းယန်အား အထင်အမြင်သေးသည့်အကြည့်တို့နှင့်ကြည့်လာသည်။ "ဟာသပဲ ပိုးပျံကောင်တွေတောင်မှ အပင်ကိုလှုပ်ခါဖို့ကြိုးစားရင် ဘယ်လောက်မိုက်မဲလဲဆိုတာကို သိတယ်"

တုံ့ပြန်ရမည့်အစား ကုရွှမ်းယန်သည် ခုန်တက်လိုက်ပြီး ချန်လွမ်ဆီသို့ ဓားဖြင့်ထိုးလာ​၏။

အလင်းတမျှမြန်ဆန်သောတိုက်ခိုက်မှုမှ ဓားစွမ်းအင်တို့သည် ဆီးနှင်းခဲတို့အဖြစ် ခဲသွားပြီးနောက် လေထဲတွင်ဝှီးခနဲအသံပြုလျက် ချန်လွမ်ဆီသို့ သွားလေသည်။ ချန်လွမ်က ရိုးရှင်းစွာပင် သူ့ဓားကိုဝှေ့ရမ်းပြီး ခုတ်ပိုင်းပစ်​၏။

ဓားနှင့်ဓားစွမ်းအင်တို့ ထိတွေ့သွားသည့်အခိုက် လေထုထဲတွင် ပေါက်ကွဲမှုကြီးထွက်လာ​၏​။ ပေါက်ကွဲသံအကြား ကုရွှမ်းယန်က ပျံတက်လာပြီး မျက်တောင်တစ်ခတ်စာအတွင်းတွင် ချန်လွမ်​၏ရှေ့သို့ရောက်လာသည်။ ချန်လွမ်ရဲ့နဖူးတည့်တည့်ဆီသို့ သူ​၏ဒုတိယရိုက်ချက်ကို ထုတ်လွှတ်ပြန်သည်။

ပြင်းထန်သောသတ်ဖြတ်လိုစိတ်တို့နှင့် ပြည့်နေသည့်တိုက်ကွက်ကြောင့် အသက်ထောင်ချီရှိသောချန်လွမ်မှာ မျက်ခုံးများအားတွန့်ကွေးမိ​၏။

ကိုယ်ကျင့်တရားသိက္ခာအတွက် ဝံကြွားဂုဏ်ယူဖွယ်ရာဖြစ်သော တာအိုကျင့်ကြံရေးသည် နတ်ဘုရားဘဝအဖြစ်တက်လှမ်းလိုခြင်းငှာ သဘာဝတရားနောက်လိုက်ရန် ကြိုးစားအားထုတ်ရပြီး အရာအားလုံးကိုကာကွယ်ပေးရသည်။ ချန်လွမ်သည် သူတော်စင်ဂိုဏ်းများဟုအမည်ခံသော ထိုဂိုဏ်းဂဏများအကြား ပုန်းခိုနေသည့် လီယွင်ကျီနှင့် ချွမ်းချင်တို့ကဲ့သို့ သိုးမည်းများ မရှိလေဘူးဆိုသော ၎င်းကဲ့သို့ကျင့်ကြံရေးကို အမြဲတမ်းနှာခေါင်းရှုံ့ခဲ့သည်။ တာအိုကျင့်ကြံသူအများအပြားနှင့် တိုက်ပွဲချင်းဖလှယ်ခဲ့သော်ငြား သူ​၏ပြိုင်ဘက်မှ ယင်းကဲ့သို့သော ကြမ်းတမ်းရက်စက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ရှိသော ရောင်ဝါကို သူဘယ်တုန်းကမှ မခံစားမိခဲ့။

'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Tempat cerita menjadi hidup. Temukan sekarang