Unicodeအခန်း (၁၂)အဆက်
နောက်တစ်နေ့တွင် နေမင်းကြီးသည် တောက်ပစွာပင် လင်းထိန်နေ၏။ သူတို့သည်တောင်ခြေတွင် ရှိနေသောကြောင့် ဂူအပြင်ဘက်သို့ သူတို့ထွက်လာသည့်ချက်ချင်း တောတောင်၏ရှုခင်းအပြည့်မှာ သူတို့၏မျက်လုံးများကို ကြိုဆိုလေတော့သည်။
ရေခဲပြင်များအောက်သို့ လမ်းတစ်လျှောက်လုံး ခွဲဖြာမှုများ ပျံ့နှံသွားခြင်းနှင့်အတူ ဒလဟောစီးဆင်းနေသောမြစ်သည် လျှိုမြောင်ထဲသို့ စီးဝင်လာသော ကြည်စင်သည့်ရေစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အနီးအနားရှိတောအုပ်ထဲသို့ ကွေ့ကောက်ဝင်ရောက်လာ၏။
ကျုံးယန်သည် သူ့ရှေ့မှောက်ရှိ တောင်ကိုကြည့်လိုက်သည်။ ကျယ်ပြောသောကောင်းကင်ကြီးအောက်တွင် တောင်၏လေပြေလေညှင်းမှာကား သစ်ရိပ်များအား အစိမ်းရောင်လှိုင်းလုံးများအဖြစ်သို့ တလိမ့်လိမ့်ဖြစ်စေသည်။
ကျုံးယန်၏ဘေးတွင်မူ ကုရွှမ်းယန်ရှိနေ၏။ "အရင်က အပြန်လမ်းကိုသွားဖို့ မဖြစ်နိုင်တော့ဘူး.. ဒီတော့ တောင်ကိုကျော်ဖြတ်ဖို့ပဲကြိုးစားရအောင်"
ကျုံးယန်ဆီမှ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်ပြီးနောက် ထိုနှစ်ယောက်သည် သူတို့၏ဓားများကိုစီးပြီး တောင်ထိပ်သို့ တည့်တည့်မတ်မတ်ပျံတက်သွားလေ၏။
တစ်ခဏကြာပြီးသောအခါ ကုရွှမ်းယန်၏မျက်ခုံးများသည် အနည်းငယ်တွန့် မိ၏။ "ဟမ်"
အခြေအနေက ထူးဆန်းနေသည်ကို ကျုံးယန်သည်လည်း သိသွားရာ ကုရွှမ်းယန်မှာ နောက်ထပ်ရှင်းပြဖို့ မလိုအပ်ခဲ့ပေ။
သူတို့သည် အတော်ဝေးကွာသည့်အထိ ဓားပျံကိုစီးနေရသည်။ တောင်ကြီးသည် မိုးထိတိုင်မမြင့်လှဘဲ အစိမ်းရောင်တောင်ထွတ်ရှိ များပြားသောတောင်ထွတ်များထက်တောင် မမြင့်ပေ။ သို့သော် အမွှေးနံ့သာတိုင်တစ်တိုင်မျှ လောင်ကျွမ်းလောက်သည့်အချိန်အထိ သူတို့မှာ လမ်းခုလပ်တွင်သာ ရှိသေးသည်။
YOU ARE READING
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Historical Fiction•I think you would like this novel >.<