Chapter /10/

1.4K 328 21
                                    

Unicode

ထိပ်တိုက်ရင်ဆိုင်ခြင်း

တာအိုကျင့်ကြံသူတိုင်းတွင် အားပြင်းသောကျင့်ကြံဆင့်တို့ ရှိကြသော်လည်း နှင်းမုန်တိုင်းကို ရင်ဆိုင်ရခြင်းကြောင့် သူတို့​၏မျက်လုံးများကို ပိတ်ထားရပြီး မှော်နက်ကျင့်ကြံသူတို့​၏ ချုံခိုတိုက်ခိုက်မှုကြောင့် ခက်ခဲသောတိုက်ပွဲအတွင်း၌ သူတို့ပိတ်မိလို့နေ​၏။ ထိုအခိုက်အတန့်လေးတွင် မှော်နက်ကျင့်ကြံသူတို့က စတင်ဆုတ်ခွာကြပြီး ရုတ်တရက်ပင် လူစုခွဲလိုက်ကြသည်။

သူတို့သည် ရောက်လာစဉ်ကအတိုင်း မြန်ဆန်စွာပင် ဆုတ်ခွာသွားကာ ချုံခိုတိုက်ခိုက်သည့်အချိန်ခဏလေးတွင် တစ်ခုခုအားစီစဉ်ထားပုံပေါ်နေသည်။ လူတိုင်းသည် စိတ်သက်သာရာရပြီး သက်ပြင်းချကြသော်လည်း ကုရွှမ်းယန်ကမူ ဘေးဘီဝဲယာအား အမြန်အဆန်စစ်ဆေးလိုက်သည်။ သူ​၏အသံမှာ အေးတိအေးစက်ဖြစ်နေသည်။ "ငါ့ရဲ့ ရှစ်ရှုန်း ပျောက်နေတယ်"

အနီးအနားရှိ ကျီချန်းယွင်မှာ ကျန်ရှိနေသေးသော မှော်နက်ကျင့်ကြံသူများထဲမှ တစ်ယောက်ကိုသတ်လိုက်ပြီးနောက် ထိုအရာကိုကြားသော် မျက်မှောင်ကြုတ်လေသည်။ "ကသောင်းကနင်းဖြစ်နေတဲ့ တိုက်ပွဲမှာ နှင်းမုန်တိုင်းက ငါတို့ရဲ့အမြင်အာရုံကို ယိုယွင်းစေတယ်.. ဖြစ်နိုင်တာက အဲ့ဒီ့အချိန်မှာပဲ တစ်ခုခုဖြစ်သွားတာ ဖြစ်လိမ့်မယ်"

လျန်ကျန့်​၏အသံမှာ စိုးရိမ်နေပုံပေါ်သည်။ "ညီလေးချင်က ဂိုဏ်းအကြီးအကဲလည်း မဟုတ်ဘူး.. အဓိကဂိုဏ်းတပည့်လဲ မဟုတ်ဘူး.. မှော်နက်ကျင့်ကြံသူတွေက သူတို့စိတ်ထဲတစ်ခုခုကြံစည်ထားရင်တောင်မှ ညီလေးချင်ကို ပစ်မှတ်မထားသင့်ဘူး.."

ဟုတ်တာပေါ့.. အမျိုးမျိုးသော ဂိုဏ်းအကြီးအကဲတွေ၊ ကျီချန်းယွင်နှင့် ကုရွှမ်းယန်တို့ကိုမပြောလေနှင့်... အလွယ်တကူစိတ်ရှုပ်စရာကောင်းသည့် လျန်ကျန့်လိုလူတောင်မှ Leaving aperture အဆင့် အလယ်အလတ်သို့ရောက်နေလေပြီ။ ကျင့်ကြံသူအုပ်စုကြီးနှင့် နှိုင်းယှဉ်လျှင် ကျုံးယန်မှာ သာမညသာပင်ဖြစ်​၏။ သူတို့အများစုမှာ သူ့ကိုသတိတောင်မပြုမိခဲ့ချေ။

'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Nơi câu chuyện tồn tại. Hãy khám phá bây giờ