Chapter /5/

1.3K 344 27
                                    

Unicode

အစိမ်းရောင်ငှက်ဝိညာဉ်

ဝတ္ထုထဲတွင် အဲ့ဒါကို ကျုံးယန်ပြန်မှတ်မိအောင် ကြိုးစားနေချိန်မှာပဲ တုန်ခါမှုက ပိုပိုပြီးပြင်းထန်လာကာ ပြဿနာကောင်မှာ အနီးအနားတွင်ရှိကြောင်းကို အချက်ပြနေသည်။ နောက်ဆုံးတွင်တော့ ကျုံးယန် အဲ့ဒါကြီးကို သေသေချာချာကြည့်နိုင်ခဲ့သည်။ အဲ့ဒါက လူနှစ်ယောက်စာအမြင့်ရှိပြီး ကြီးမားသောလူဝံကြီးပင် ဖြစ်သည်။

လူဝံကြီးသည် အမွှေးဖြူဖြူများနှင့် ဖုံးအုပ်ထားသည်။ တောထဲတွင်နေထိုင်သောကြောင့် သူ့အမွှေးများသည် ရှုပ်ထွေးနေပြီး အမည်းရောင်များစွန်းနေကာ ရွံရှာဖွယ်ကောင်းရုံသာမက ပုပ်သိုးပြီးလူသေကောင်ကဲ့သို့အနံ့အသက်များကိုလည်း ထုတ်လွှတ်နေသည်။ ထိုအခိုက်အတန့်လေးတွင် အဲ့ဒါကြီးက ပြင်းပြင်းထန်ထန် ဟောဟဲလိုက်နေပြီး တောကြီးပတ်လည်တွင် လှုပ်ယမ်းနေကာ သူတို့ဆီကို အရှိန်နှင့်ပြေးလာနေသည်။

အဖြစ်အပျက်များ​၏ အမြန်အဆန်ပြောင်းလဲသွားခြင်းက သူတို့နှစ်ယောက်ကို ကျဉ်းတဲကျပ်တဲသို့ရောက်သွားစေသည်။

သူ့ဓားကိုဆွဲထုတ်ပြီး ဧရာမသားရဲကောင်ကြီးဆီသို့ အရှိန်နှင့် မသွားခင်တွင် ကုရွှမ်းယန်က သူ့ကိုအော်ပြောခဲ့သည်။"ရှစ်ရှုန်း နောက်ဆုတ်"

မနေ့က ဗုဒ္ဓခန်းမရှိ ယှဉ်ပြိုင်ပွဲ၏ ပွဲကြည့်ပရိသတ်များသာရှိလျှင် ကုရွှမ်းယန်က လတ်တလောတွင် ကျုဖင်ကိုတိုက်ခိုက်သည်ထက် အဆပေါင်းများစွာမြန်ဆန်နေသည်ကို သတိထားမိကြလိမ့်မည်။ သူသည် အလင်းတမျှမြန်ဆန်ကာ *အဖြူရောင်သက်တန့်ကဲ့သို့ မှေးမှိန်နေသည်။ ကျုံးယန်တောင်မှ ကုရွှမ်းယန်က သူ့ရဲ့စွမ်းအားတွေအကုန်လုံးကို လောင်းထည့်လိုက်ပုံပေါ်သော တိုက်ခိုက်ခြင်း​၏ရက်စက်မှုကို သတိထားမိသည်။ ဓားက အကြင်နာကင်းမဲ့စွာပင် လူဝံကြီး​၏ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။

မနေ့က ဗုဒ္ဓခန်းမရှိ ယှဉ်ပြိုင်ပွဲ၏ ပွဲကြည့်ပရိသတ်များသာရှိလျှင် ကုရွှမ်းယန်က လတ်တလောတွင် ကျုဖင်ကိုတိုက်ခိုက်သည်ထက် အဆပေါင်းများစွာမြန်ဆန်နေသည်ကို သတိထားမိကြလိမ့်မည်။ သူသည် အလင်းတမျှမြန်ဆန်ကာ *အဖြူရောင်သက်တန့်ကဲ့သို့ မှေးမှိန်နေသည်။ ကျုံးယန်တောင်မှ...

Oops! Bu görüntü içerik kurallarımıza uymuyor. Yayımlamaya devam etmek için görüntüyü kaldırmayı ya da başka bir görüntü yüklemeyi deneyin.
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Hikayelerin yaşadığı yer. Şimdi keşfedin