Unicode
မြန်ဆန်သော ယှဉ်ပြိုင်ပွဲတစ်ခု
နောက်တစ်နေ့မနက်တွင် ကျုံးယန်နိုးလာပြီးနောက် ကုရွမ်းယန်က သူ့အနားတွင်မရှိသည်ကို သိသွားချိန်တွင် သူ အလျင်စလိုပင် ဘေးဘီဝဲယာအား စေ့စေ့ကြည့်လိုက်သည်။ အခန်းအကန့်နောက်ရှိ ကုရွှမ်းယန်၏ ဝိုးတဝါးအရိပ်ကိုမြင်သော် ကျုံးယန် သက်ပြင်းချလိုက်ပြီးနောက် ဝတ်စားဆင်ယင်ရန် အိပ်ရာမှထလာခဲ့သည်။
လတ်တလောတွင် ကုရွှမ်းယန်က သွားတိုက်ပြီး မျက်နှာသစ်လျက်ရှ်ိသည်။ ကျုံးယန် လမ်းလျှောက် လာသည်ကို သူသတိထားမိသောကြောင့် ကျုံးယန်၏ခံတွင်းဆေးရန် ဆားငန်ရေတစ်ခွက်ကို ငှဲ့ပေးပြီး ခေါက်ထားသော လက်ကိုင်ပဝါတစ်ခုကို ပေးလေသည်။ "ရှစ်ရှုန်း ဒီမှာ မျက်နှာကိုသစ်လိုက်"
ကျုံးယန်သည် နာခံရိုကျိုးစွာဖြင့် မျက်နှာသစ်နေစဉ်တွင် စိတ်ထဲတွင်တော့ systemအား သက်ပြင်းချပြလျက်ရှိသည်။ [ဟက်... ကုရွှမ်းယန်က တကယ်ကိုပဲ လူကြီးလူကောင်းနဲ့ တူတယ်]
လွန်ခဲ့တဲ့ညက အဲ့ဒီ 'လူကြီးလူကောင်း' ကြောင့်ပဲ ကျုံးယန် လည်ပင်းညှစ်သတ်ခံရလုနီးနီး ဖြစ်ခဲ့သည်ကို ကြုံတွေ့ခဲ့ရသောကြောင့် systemသည် ပြောစရာစကားမဲ့ ဖြစ်သွားသည်။ မေ့လိုက်တော့.. ကံကြမ္မာက အရူးကို မျက်နှာသာပေးပါတယ်..
သူတို့နှစ်ယောက်စလုံး မနက်စာ စားပြီးနောက် အခမ်းအနားစတင်မည့်ကြောင်းကို အချက်ပြနေသော အနီးအနားရှိ ခေါင်းလောင်းသံသည် မြည်ဟည်းလာသည်။
အရည်အချင်းရှိပြီး ကြိုးစားသောကြောင့် တိုက်ခိုက်ရေးလမ်းစဉ် ကျင့်ကြံသူများသည် တဖြည်းဖြည်းချင်းစီ အဆင့်မြင့်လာပြီး သူတို့၏အဆင့်ကိုမြှင့်တင်ခဲ့သည်။ ဝိညာဉ်စွမ်းအင်နှင့် မှော်နက်ကျင့်ကြံသူများက ကျင့်ကြံခြင်းဖြင့် လမ်းကြောင်းမှန်ကို လျှောက်လှမ်းကြစဉ်တွင် အချို့က ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းနှင့် သူတို့၏ကျင့်ကြံရေးအခြေခံများကို ခိုးယူခြင်းဖြင့် အဆင့်တက်လာကြသည်။ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများက ပုံမှန်ကျင့်ကြံသော်လည်း တိုးတက်လာမှုသည် ဉာဏ်အလင်းပွင့်ခြင်းအပေါ်တွင် ပို၍မူတည်သည်။ အချို့က နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့တာတောင်မှ ဉာဏ်အလင်းပွင့်ခြင်းအား မရသော်လည်း ချက်ချင်းပင် ဗုဒ္ဓဆီသို့ တက်လှမ်းသွားကောင်း သွားလိမ့်မည်။ အနှစ်တစ်ရာ့တစ်ဆယ့်နှစ် နှစ်မျှ ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် ပညာရှိ ရှစ်ယင်းက ဉာဏ်အလင်းပွင့်သွားပြီးနောက် ကြာပန်းပလ္လင်သို့ တက်လှမ်းသွားခဲ့သည်။
ESTÁS LEYENDO
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Ficción histórica•I think you would like this novel >.<