Chapter /2/

2.1K 345 14
                                    

Unicode

ကုရွှမ်းယန်နဲ့အတူ သွားဖို့ ဖိအားပေးခံရတယ်...

တာအိုလမ်းစဉ်ကျင့်ကြံသူများသည် အခြေတည်အုတ်မြစ်ချခြင်း၊ ချီသန့်စင်ခြင်း၊ အမြုတည်ဖြစ်တည်ခြင်း၊ *Leaving aperture၊ ရွှေအမြုတေဖြစ်တည်ခြင်း၊ *Lesser vehicle နှင့် ကောင်းကင်ဘုံသို့မတက်လှမ်းခင် *Great Vehicleဟူ၍ အဆင့်ခုနစ်ဆင့် ကြုံတွေ့ရသည်။ ဆယ့်နှစ်နှစ်တာ လေ့ကျင့်သင်ကြားပြီးနောက် ချင်မင်ရှီသည် အခြေခံအမြုတေဖြစ်တည် အဆင့်တွင်သာရှိသေးပြီး သူ၏ပင်ကိုစွမ်းရည်မှာ သာမန်သာလျှင်ဖြစ်၏။ သူ၏ဖြူလျော် သော အသားအရေနှင့် မက်မွန်ပွင့်သဏ္ဌာန် မျက်လုံးများကြောင့် အသက်နှစ်ဆယ့်နှစ် အရွယ်တောင်ရှိသော်လည်း အသက်ထက်ပင် ပို၍ ငယ်ရွယ်ပုံပေါက်နေသည်။ ဒါ့အပြင် သူ၏အလွန်အားနည်းမှုနှင့် သတ္တိကြောင်မှုခြင်းကြောင့် သူ၏အဖော်ဂိုဏ်းသားတို့က သူ့ကို အမြဲနှိပ်စက်ခြင်းမှာ ထူးမဆန်းတော့...

ကျုံးယန်သည် ခုံတွင်ထိုင်နေပြီး တစ်စုံတစ်ယောက် ၏ အရိပ်ကိုရောင်ပြန်ဟပ်၍ မြင်စေနိုင်သော ဆေးပန်ကန်လုံးကို စိုက်ကြည့်နေသည်။ ခဏလောက်အကြာတွင် သူသက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် systemက သူ့ကိုမမေးဘဲမနေနိုင်တော့.. [ဒီမနက်ကတည်းက မင်း ခုနစ်ကြိမ် ရှစ်ကြိမ်လောက် သက်ပြင်းချပြီးပြီ.. မင်းဘာတွေတွေးနေတာလဲ?]

ကျုံးယန် ဗလုံးဗထွေးဖြင့်သာ ရေရွတ်လိုက်သည်။[ငါတော့ ကျိန်းသေ Algebra testကျပြီ]

systemက ပြန်ဖြေလာသည်။ [မင်း ဒီကိုရောက်တာဖြင့် တစ်လလောက်ရှိနေပြီ... နောက်ပြီး မင်းတွေးနေတဲ့ဟာက အဲ့ဒါလား? မင်းသေသွားပြီးကတည်းက ကိစ္စချောသွားပြီပဲ]

ကျုံးယန်၏ မျက်နှာသည် အမူအရာမဲ့နေသည်။ ["စာမေးပွဲရလဒ်တွေက ဒီနေ့ထွက်မှာ မင်းသိလား?" အဲ့ဒီနောက်တွင် သူစပြီး ပူပင်သောကတွေနှင့် ပြောလာခဲ့သည်။ " ငါ့မှာ ညဘက် ကောင်းကောင်းမွန်မွန်တောင် အနားမယူနိုင်ဘူး... ငါ့အိပ်ရာဘေးမှာ ကုရွှမ်းယန်ပေါ်လာပြီး ငါ့ကိုဓားနဲ့ထိုးမှာကို အရမ်းကြောက်တယ်"]

Systemမှာ သူ့ကိုစိတ်ချလက်ချနေရန် ပြောဖို့မှလွဲပြီး ရွေးချယ်စရာမရှိ။[အခုပဲ အစိမ်းရောင်တောင်ထွတ်က သူတို့ရဲ့ကာကွယ်စောင့်ကြပ်မှုကို တိုးမြှင့်လိုက်ပြီလေ... ဘယ်ရက်တွေပဲဖြစ်ဖြစ် ဂိုဏ်းတပည့်တွေက နေရာအနှံ့ ကင်းလှည့်နေကြတယ်..ဒါ့အပြင် မင်းက မျက်မြင်သက်သေဆိုတာ ဂိုဏ်းချုပ်၊ ဂိုဏ်းအကြီးအကဲတွေနဲ့ သူတို့ရဲ့အဓိကဂိုဏ်းတပည့်တွေပဲ သိတာ..အခု သူကမင်းကို နှုတ်ပိတ်ဖို့ ကြိုးစားရင် သူ့ကိုယ်သူ အလွယ်တကူ ဖော်ထုတ်မိလိမ့်မယ်.. ကုရွှမ်းယန်က အဲ့လောက်မအပါဘူး..]

'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Donde viven las historias. Descúbrelo ahora