Unicode
ပျင်းရိခြင်းကြောင့် ဖြစ်သွားသော ကူးပြောင်းမှု
လက်ရှိကျင့်ကြံရေးလောကတွင် တာအိုလမ်းစဉ်၊ မှော်နက်လမ်းစဉ်၊ ဗုဒ္ဓလမ်းစဉ်၊ *ဝိညာဉ်စွမ်းအား လမ်းစဉ် နှင့် တိုက်ခိုက်ရေးလမ်းစဉ် ဟူ၍ ကျင့်ကြံရေးအမျိုးအစား အပိုင်းငါးပိုင်းဖြင့် ခွဲခြားထားလေသည်။ ၎င်းတို့ထဲမှ အလွှမ်းမိုးနိုင်ဆုံး ကျင့်ကြံရေးအမျိုးအစားသည် အကြီးအကဲလု ဦးစီးသော လောကတခွင်ရှိ မြောက်များစွာသော ဂိုဏ်းဂဏများနှင့်ဂိုဏ်းသားတို့အား ဝံ့ကြားဂုဏ်ယူဖွယ်ရာဖြစ်သော တာအိုလမ်းစဉ်ကျင့်ကြံရေးပင်ဖြစ်သည်။
မဟာကန္တာရကြီး၏ အနောက်တောင်ဘက်တွင် တည်ရှိသော အစိမ်းရောင်တောင်ထွတ်တွင် မရေတွက်နိုင်သော ရင်သက်ရှုမောဖွယ်ရာ တောင်တန်းများနှင့် ညှို့ယူဆွဲဆောင်နိုင်၍မြင့်မားသော တောင်ထိပ်များ ရှိပေသည်။ ၎င်းသည် လွန်ခဲ့သော အနှစ်ခုနစ်ထောင်ခန့်ကဖြစ်တည်ခဲ့ပြီး ဂိုဏ်းတပည့်လေးယောက်သည် ကောင်းကင်ဘုံသို့တက်လှမ်းနိုင်ပြီး မရေတွက်နိုင်သော ကျင့်ကြံသူများ ထိုနေရာသို့ရောက်အောင် အပူတပြင်းကြိုးစားစေသည်။ အစိမ်းရောင်တောင်ထွတ်ဂိုဏ်းသားတို့သည် သုံးထောင်မကရှိပြီး ကြီးစဉ်ငယ်လိုက်အရ အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံးနှင့် အဆင့်လေးဂိုဏ်းသားများ အသီးသီးရှိကြပြီး ထိပ်ဆုံး၌ ထူးချွန်ထက်မြက်သောဂိုဏ်းသားများ ရှိကြသည်။ သူတို့အားလုံးက ဂိုဏ်းချုပ် သို့မဟုတ် ဂိုဏ်း၏အကြီးအကဲသုံးယောက်လက်အောက်တွင် ပညာသင်ယူကြပြီး အစိမ်းရောင်တောင်ထွတ်၏ တောင်တန်းအမျိုးမျိုးတွင် လေ့ကျင့်သင်ကြားပေးခြင်း ခံရသည်။
သူ့အိပ်ယာပေါ်တွင်အနားယူရင်း ကျုံးယန်တစ်ယောက် စိတ်ပျက်ဖွယ်သက်ပြင်းကိုမချခင် သူ့စိတ်ထဲ၌ ဝတ္ထု၏ဇာတ်အိမ်ကို အကြိမ်ကြိမ်ဖတ်နေမိ၏။ အနီးအနားရှိ ချင်းယုံက ထိုအသံကိုကြားလိုက်သည်နှင့် အိပ်ရာဘေးနားသို့ အလောတကြီးရောက်လာကာ "ဘာဖြစ်တာလဲ.. အစ်ကိုကြီးချင်"
ကျင့်ကြံသူတွေက သေချာပေါက် ထက်မြက်တဲ့နားတွေရှိတယ်။ ကျုံးရန် သူချက်ချင်းပြုံးဖို့ အားတင်းလိုက်ပြီး "ဘာမှမဖြစ်ပါဘူး ငါ့ဒဏ်ရာတွေက နဲနဲစပ်လို့ပါ။"
ŞİMDİ OKUDUĞUN
'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >
Tarihi Kurgu•I think you would like this novel >.<