Chapter /8/

1.7K 358 47
                                    


Unicode

နားလည်မှုလွဲသွားခြင်း

ကံကောင်းထောက်မစွာဖြင့် ကျီချန်းယွင်က စိတ်ထဲမထားဘဲ အဲ့ဒီ့အစား ကုရွှမ်းယန်ဆီသို့ လှည့်ကြည့်လိုက်​၏။ ခဏတာကြာပြီးသောအခါ သူ
ရုတ်တရက် ပြောလေသည်။ "ကုရွှမ်းယန် ငါမင်းအကြောင်းကြားဖူးတယ်"

အံ့အားသင့်ခြင်းမရှိဘဲ ကုရွှမ်းယန်က သူ့လက်တွေကိုဆွဲထုတ်ပြီး ခေါင်းငြ်ိမ့်သည်။ "ငါလည်းအတူတူပါပဲ"

သူ ကျုံးယန်ကို ဖျတ်ခနဲကြည့်လိုက်​၏။ "အစိမ်းရောင်တောင်ထွတ်ရဲ့ ဂိုဏ်းတပည့်တွေတော်တော် များများက မင်းရဲ့ကြီးကျယ်တဲ့ တရားမျှတမှုနဲ့ စွမ်းအားကြီးတဲ့ကျင့်ကြံဆင့်တွေကြောင့် မင်းကိုအရမ်းလေးစားကြတာ"

ဆွံ့အသွားသောကျုံးယန်က တွေးလိုက်သည်။ ငါဗုဒ္ဓခန်းမမှာပြောခဲ့တာကို သူမှတ်မိနေတုန်းပဲလား.. သူက တကယ်ကို သဘောထားသေးသိမ်တာပဲ..

ပြုံးရမည့်အစား ကျီချန်းယွင်က မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။ "ဘာလို့ငါ့ကိုလေးစားတာလဲ? မင်းက ရွှေအမြုတေအဆင့်ရဲ့နောက်ဆုံးကိုရောက်နေပြီး မကြာခင်Lesser Vehicle အဆင့်ကို တက်လှမ်းတော့မှာ.. ငါကအခု မင်းလောက်စွမ်းအားမကြီးသေးပါဘူး..ဒီတော့ သူတို့က ငါ့အစား မင်းကိုလေးစားသင့်တယ်" ခဏတာတန့်သွားပြီးနောက် သူဆက်ပြောလေ​၏။ "ဒါပေမဲ့ ငါလည်းမကြာခင် နောက်တစ်ဆင့်ကို တက်လှမ်းတော့မှာ.. အနာဂတ်မှာ မင်းနဲ့အတူ ယှဉ်ပြိုင်ပွဲတစ်ခုရှိနိုင်မှာပါ"

ကျီချန်းယွင်​၏အသံတွင် စနောက်နေသည့်အရိပ်အယောင်တောင် ရှာမတွေ့နိုင်ဘဲ တည်ကြည်လေးနက်နေသည်။ သူက ကုရွှမ်းယန်ကို ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေသည့်အစား ရာသီဥတုအကြောင်း စကားစမြည်ပြောနေသလိုမျိုး သူ့မျက်နှာသည် အမြဲတမ်း တည်ငြိမ်နေသည်။

ပတ်ဝန်းကျင်က အလွန်အေးမြနေသော်လည်း လျန်ကျန့်သည် အေးစိမ့်သောချွေးစေးများ ထွက်လာပြီး အလျင်စလိုပင် စကားဖြတ်ပြောလိုက်သည်။ "ညီလေးကု ငါ့ညီလေးချန်းယွင် ဆိုလိုတာကို စိတ်မရှိပါနဲ့..  ကျေးဇူးပြုပြီး တလွဲမတွေးပါနဲ့.. သူက တခြားသူတွေကို ယှဉ်ပြိုင်ဖို့ဖိတ်ခေါ်တာကို နှစ်သက်ရုံပါ"

'ငါ့ရဲ့ရှစ်တိက ငါ့ကိုမသတ်သေးဘူး' {မြန်မာဘာသာပြန်}<Dropped >Donde viven las historias. Descúbrelo ahora