(2)

2.9K 291 3
                                    

Unicode Version
~~~~~~^~~~~~~

*ခန္ဓာအသစ်၊ပတ်ဝန်းကျင်အသစ်ဖြင့် vampireလေး*



"Luisရေ...  မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပြီတဲ့"

ထိုလူက ဝမ်းပန်းတသာ ပြောနေသော်လည်း သူ့ရင်ထဲတွင်တော့ ဝမ်းမသာနိုင်ပေ။

တကယ်ကို စိတ်ညစ်နေရပါသည်။ သူ့နာမည် Luisမဟုတ်ပါဘူးဟု ထိုလူအားပြောပြနေရသည်မှာ အခေါက်ပေါင်း ထောင်ချီနေပြီဖြစ်သည်။ ပြောမနိုင်သည့်အဆုံး သူ့ဘက်ကပင် လက်လျှော့လိုက်ရသည်အထိကို ထိုလူက ေခါင်းမာလွန်းလှပါသည်။

ပိုဆိုးသည်က သူ၏ ခန္ဓာကိုယ်....

အနှီဆယ်ကျော်သက်ကောင်လေး၏ ကိုယ်ထဲသို့ ဘာကြောင့်များ ရောက်နေရသည်လဲ??? တကယ်ကို စိတ်ပင်ပန်းရလွန်းပါသည်။

သူဗိုက်ဆာနေသည်မှာ ဗိုက်ထဲတွင် တိုက်ပွဲဖြစ်နေသည်လားဟုပင် ထင်မှတ်နေရလေသည်။ သို့သော်လည်း ဗိုက်ဆာသည်ဟု အသံပင်မထွက်ရဲ....။

ဗိုက်ဆာသည်ဟု ပြောလိုက်သည်နှင့်ကို မန်နေဂျာဟူသည့် ကောင်လေးက အော့အန်ချင်စရာ အစားအသောက်များကို သူ့ပါးစပ်ထဲသို့ အတင်းသွပ်ထည့်ပေးလေသည်။

လူသားတွေစားသောက်သည့် စားသောက်ဖွယ်ရာများကို  သူ့အနေနှင့် အနံ့ရရုံဖြင့်ပင် အောဂလီဆန်နေမိသည်။ ဒါကို အလိုက်ကန်းဆိုးမသိသည့် အနှီလူသားကောင်လေးက မရမကကို အတင်းအဓမ္မကျွေးသောကြောင့် သူ၏ စိတ်နှလုံးတော်တို့မှာ မရွှင်လန်းနိုင်ချေ။

သွေးသောက်ခဲ့ရသည့် ရွှေရောင်နေ့ရက်များကို လွမ်းမိသည်။ 'တ' လိုက်သည်နှင့်ကို မွှေးပျံ့ပြီးအရသာရှိလှသည့် သွေးများကို သူ့ရှေ့တော်သို့ အရောက်ဆက်သပေးခဲ့ကြသော အစေခံများကို သူတမ်းတမိသည်။

သူတို့၏  တိုင်းပြည်ကြီးသာ ပုန်ကန်သူများ၏လက်အောက် မကျရှုံးခဲ့လျှင် သူသည်လည်း အထူးစီမံထားသော ဓားမြှောင်ဖြင့် အထိုးခံရမည်မဟုတ်။ ထိုသို့ဆိုလျှင် ယခုကဲ့သို့ စိတ်ရှုပ်စရာများနှင့်လည်း ကြုံတွေ့ရမည်မဟုတ်ချေ။

He Was A Vampire (Season1 completed)حيث تعيش القصص. اكتشف الآن