(8)

1.3K 180 0
                                    

Unicode Version

(မတရားခံလိုက်ရသော CEO Lee)



"မင်္ဂလာပါ CEO Lee"

ဓာတ်လှေကားတွင်းသို့ ဝင်လာသော CEOဟူသော လူသားကို ဝမ်ကောက နှုတ်ဆက်လိုက်သည်မို့ သူလည်း ရောယောင်ကာ လိုက်နှုတ်ဆက်လိုက်လေသည်။

" မင်္ဂလာ မနက်ခင်းပါ Luisနဲ့မန်နေဂျာဝမ်"

CEO Leeက သူ့၏ သွားစွယ်ဖြူဖြူလေးများ ေပါ်သွားသည်အထိ ပြုံးကာ ပြောလိုက်လေတော့ ထိုသွားစွယ်လေးများကို သူငေးကြည့်နေမိသည်။ လူသားဖြစ်ရက်နှင့် ဘာအတွက်ကြောင့်များ သွားတွေ ချွန်နေရတာလဲဟုလည်း သူတွေးနေမိသည်။ ကြည့်မကောင်း၊ရှုမကောင်း မလှမပ သွားများနှင့် လူသားဟု သူကဲ့ရဲ့မိ၏။

စိတ်ထဲတွင် ရှာကြံကဲ့ရဲ့နေမိသော်လည်း သူ့၏ ရင်ခုန်သံများကတော့ တစ်ချက် တစ်ချက်တွင် ကျယ်လောင်လာလေသည်။ မနက်က သောက်လာမိသော ကော်ဖီကြောင့်ပင် ဖြစ်လိမ့်မည်ဟု ကြံဖန်ကာ အပြစ်တင်လိုက်မိသည်။ ကော်ဖီက ရင်တုန်စေသည်မဟုတ်ပါလား.....


အပြန်အလှန် နှုတ်ခွန်းဆက်သံအပြီးတွင် လေထုကြီးသည် အပ်ကျသံပင် ကြားနိုင်သည့်အလား တိတ်ဆိတ်သွားလေသည်။


"Luis... ဒီတစ်ပတ် ပိတ်ရက်ကျရင် မားနဲ့ပါးတို့ဆီ သွားကြရအောင်...။ သူတို့လည်း ကိုယ်တို့ကို တွေ့ချင်နေတယ်။ မနက်စောစော အိမ်ကနေ ထွက်ကြမယ်"

သူ့၏ စကားကို ညီငယ်လေးက ေခါင်းတငြိမ့်ငြိမ့် လုပ်ကာ ထောက်ခံနေသည်မို့ ချန်းချီ ကျေနပ်နေလေသည်။ ညီငယ်လေးသည် သည်ရက်ပိုင်း သိသိသာသာကို လိမ္မာလာလေသည်။ အရင်လိုလည်း ေပါက်ကရတွေပြောကာ ပြဿနာ မရှာတော့ပေ....။

~
~

ရုတ်တရက် မီးမှောင်ကျကာ ထိုးရပ်သွားသော ဓာတ်လှေကားကြောင့် ရန်ဟောက်တစ်ယောက် ေခါင်းခဲသွားလေသည်။

ရုတ်တရက်နိုင်လွန်းသောကြောင့် ချန်းချီမှာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘဲ ကြောင်တောင်တောင်ဖြစ်နေမိသည်။

"ခင်ဗျား.... ခင်ဗျား ဒါဘာလုပ်တာလဲ ဟမ်!! ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို မကောင်းကြံနေတာလား??"

He Was A Vampire (Season1 completed)Where stories live. Discover now