Unicode Version
~~~~~~^~~~~~~*သူ့သွေးက အရသာရှိမယ့်ပုံလေး*
"Luisက မနက်ဖြန်ဆို ဆေးရုံဆင်းလို့ရပြီလို့ကြားရပါတယ် CEO Lee"
အတွင်းရေးမှူးမလေး၏ စကားကို သူအသိအမှတ်ပြုဟန်ဖြင့် ေခါင်းတစ်ချက်ငြိမ့်ကာ အခန်းထဲမှ ထွက်သွားရန် လက်ဟန်ပြလိုက်လေတော့ သူ(မ)သည်လည်း အလိုက်သိတတ်စွာ ထွက်သွားလေသည်။
တိုင်ပေ(Taipei)မြို့၏ ညနေခင်းရှုခင်းသည် အလွန်တရာကို သက်ဝင်လှပလွန်း၏။ သောကြာနေ့ဖြစ်သောကြောင့် ညစျေးတန်းများမှာလည်း စည်ကားနေလေသည်။ ပုစွန်ဆီရောင် သန်းနေသော ကောင်းကင်ကြီးကို ဇိမ်ခံကြည့်ရင်း ကော်ဖီခါးခါးတစ်ခွက်ကို သူသောက်နေမိသည်။
အညှိုးကြီးသော ဒီဇင်ဘာသည် မနှစ်ကထက်ကို ပိုအေးလွန်းလှသောကြောင့် အလုပ်ခန်းအတွင်းရှိ အပူပေးစက်အရှိန်ကို ပိုမြှင့်လိုက်လေသည်။
ညနေ(၅)နာရီဆိုသည်မှာ အခြားသူများအတွက်တော့ အလုပ်ဆင်းချိန်ဖြစ်သော်လည်း သူ့အတွက်တော့မဟုတ်ချေ.....
မကြာသေးမီကမှ သူ့အား ဖခင်ဖြစ်သူလွှဲပြောင်းပေးခဲ့သော အနှီEntertainmentနှင့်ပတ်သက်ပြီး လေ့လာစရာများမှာ တောင်ပုံရာပုံကို ဖြစ်နေလေသည်။
ထိုင်ဝမ်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် Entertainment ဖြစ်သောကြောင့် သူ့လက်ထဲရောက်သည့်အချိန်မှ နာမည်ထိုးကျနေ၍မဖြစ်ချေ...။ သူ့အရည်အချင်းကို ဖခင်ဖြစ်သူဆီမှ အထင်သေးမခံလိုသောကြောင့် နှစ်ဆ ကြိုးစားရမည်။
သည်ကြားထဲ Entertainment မှ Idolတစ်ယောက်ကလည်း အက်စီးဒင့် ဖြစ်ကာ ဆေးရုံတက်နေရသည်မို့ ဆူပူမှုများနှင့် ရင်ဆိုင်နေရလေသည်။ လူကြိုက်များသော Idolဖြစ်သောကြောင့် ရှယ်ရာများမှာလည်း တစ်ဟုန်ထိုး ထိုးကျသွားလေသည်။
ကံကောင်းသည်ကတော့ ရွှေငန်းလေးက မနက်ဖြန်ဆေးရုံဆင်းခွင့်ရပြီတဲ့လေ......။
ထိုကောင်လေး၏ Solo Albumကို မကြာခင် ထုတ်ဝေပေးနိုင်ရေးအတွက် စီစဥ်စရာရှိသည်များကို ကြိုတင်စီစဥ်ထားရမည်။ အမိုက်စား စာသားများ ၊ အခမ်းနားဆုံး သံစဥ်များ ၊ အသစ်လွင်ဆုံးသော စိတ်ကူးများနှင့်အတူ ပုံဖော်နိုင်ရမည်။ အနောက်နိုင်ငံများအထိပါ ထိုးဖောက်နိုင်ရန် သူရည်ရွယ်ထားသည်။
![](https://img.wattpad.com/cover/251737730-288-k274350.jpg)
YOU ARE READING
He Was A Vampire (Season1 completed)
Fantasyရှေးနှစ် ေပါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ......... ရှေးနှစ် ပေါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ...