Unicode Version
အခန်း(၁၁)ချစ်လှစွာသော ထိုက်ရန်
~~~~~~~~~
ထိုက်ရန်ကို စတွေ့ခဲ့သော နေ့ကို သူမှတ်မိနေပါသေးသည်။
ကောင်းကင်ပြာပြာထက်တွင် တိမ်လွှာဖြူဖြူလေးများက ပြေးလွှားဆော့ကစားနေကြသည်မှာ ပြဇာတ်တစ်ခုကို ကပြနေကြသည့်အလား...
စိမ်းစိုနေသော မြက်ခင်းစိမ်းေပါ်တွင် ကြွေကျလာသော ပန်းပွင့်လေးများက အမိသစ်ပင်ကြီးကို ဝပ်တွားခယကာ ဦးချနေကြသည့်အလား....
ရေတံခွန်မှ ကျဆင်းလာသော ရေသံများနှင့်အပြိုင် ငှက်ကလေးများကလည်း တေးသီနေကြလေသည်။
အရာရာဟာ သဘာဝဆန်ဆန်လှနေခဲ့ကြသည်။ ထိုသဘာဝနှင့်အပြိုင် လှနေသူတစ်ယောက်လည်း ရှိနေခဲ့လေသည်။
ထိုက်ရန်.... ထိုက်ရန်ဟူသော တော်ဝင်နွယ်ဖွားတစ်ယောက်....
ထိုကောင်လေး၏ ငွေမှင်ရောင် ဆံနွယ်များသည် သူ့အတွက်တော့ ရုန်းမထွက်နိုင်သော ပင့်ကူမျှင်လေးများသဖွယ် ညှို့ငင်နိုင်လွန်းလှသည်။
မျက်နှာကျပုံမှာ မေးရိုးများ ထင်းရင်း မနေသော်လည်း မိန်းမ မဆန်သွား...
မျက်ခုံးတန်းတန်းအောက်မှ မျက်ဝန်းနီနီများသည် သူ့အတွက် အဆုံးမရှိတော့သော ခရီးလမ်းတစ်ခုအလား ပြန်လမ်းမရှိတော့ပေ....
ထိုကောင်လေးအား အဝေးမှပင် သူမြင်နေရပါသည်။ ပြေးလွှားနေသော ထိုကောင်လေးကတော့ သူ့အား မမြင်ပေ..။သူ့၏ တာဝန်ကတော့ ထိုကောင်လေး၏ နှလုံးဝ တည့်တည့်သို့ "ချေမှုန်းခြင်း" ဖြင့် ထိုးစိုက်ရန်....
"ချေမှုန်းခြင်း"ဟူသည်မှာ သူတို့မျိုးနွယ်စုပိုင် ဓားမြှောင်၏ နာမည်ဖြစ်သည်။ ထိုဓားမြှောင်သည် အတတ်ပညာအဝဝတို့ဖြင့် အထူးစီမံထားသောကြောင့် မသေမျိုး မှန်သမျှကို ဇီဝိန်ခြွေပေးနိုင်လေသည်။ သို့သော်လည်း ဇီဝိန်ခြွေပေးမည့်သူသည် အကျင့်သီလ ကောင်းမွန်ရန်လိုအပ်သည်။ အနှီမသေမျိုးအား သတ်ရခြင်းအကြောင်းပြချက် မှန်ကန်ကောင်းမွန်ဖို့ လိုအပ်သည်။ ထို့ပြင် သည်တိုင်းမရပေ.. မသတ်ခင် ပိုင်ရှင်ဖြစ်သူ၏ သွေးစက်ခုနစ်စက်အရင်စတေးရလေသည်။ သို့မှသာ သတ်နိုင်မည်။
BẠN ĐANG ĐỌC
He Was A Vampire (Season1 completed)
Viễn tưởngရှေးနှစ် ေပါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ......... ရှေးနှစ် ပေါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ...