(1)

4.6K 314 0
                                    


Unicode Version
~~~~~~^~~~~~~

*နောက်ကျောမှဓား*


"အရှင်မင်းကြီး...  ကျွန်တော်မျိုးကို ထားခဲ့ပြီး  အမြန်ဆုံးသာ ပြေးတော်မူပါ။ ကျွန်တော်မျိုး  အနောက်ကနေ လိုက်လာခဲ့ပါ့မယ်။ ကတိပေးပါတယ်..."

ဝူကိုယ်ရံတော်၏  ကတိစကားကြောင့်  သူ့မျက်ရည်များ ဝဲလာရလေသည်။  ယခုအချိန်တွင် ယုံကြည်ရသူဆိုလို့  ဝူကိုယ်ရံတော်သာ ကျန်တော့သည်ကို  ထပ်မံပြီး ထားရစ်ခဲ့ရဦးမည်လား....။

ရက်စက်လိုက်ကြတာ။  ဘာအတွက်ကြောင့်များ  သစ္စာဖောက်ကြရသနည်း???         

လူသွေးကို သောက်သုံးသော ဘုရင်တစ်ပါးဖြစ်သော်လည်း သူသောက်သုံးသည်မှာ သန့်စင်မွန်မြတ်သော လူသားများ၏ သွေးကိုသာ...။

ဤသည်ကလည်း မဟားတရား အများကြီးမဟုတ်ချေ။ မတရားသဖြင့်လည်း  သူ မယူ... သူ့အား သွေးဆက်သသော မျိုးနွယ်သီးသန့်ရှိပြီးသား ဖြစ်သည်။ 

သူတို့၏  တော်ဝင်ဘိုးဘေးဘီဘင် အစဥ်အဆက်သည်   မွေးဖွားလာကတည်းက  သွေးတစ်မျိုးတည်းကိုသာ သုံးဆောင်တော်မူခဲ့ကြခြင်းဖြစ်သည်။  ထို့အတွက်လည်း   သူတို့အား  သန့်စင်မွန်မြတ်သော သွေးတို့ကို  အမြဲမပြတ် ဆက်သပေးသော   လူသားမျိုးနွယ် သီးသန့်ရှိပြီးသားဖြစ်၏။

ထိုလူသားမျိုးနွယ်မှ  အရွယ်ရောက်ပြီးသူများသည်   မိမိတို့၏ လက်ချောင်းထိပ်ကို အပ်နှင့်ဖောက်ကာ  သွေးစက်ခုနစ်စက်တိတိကို  တစ်ရက်လျှင် တစ်ကြိမ်ဆက်သကြရရုံသာဖြစ်ပြီး  ထို့အတွက်လည်း  တန်ရာတန်ကြေးများ ချီးမြှင့်ပေးသောကြောင့် နှစ်ဦးနှစ်ဖက် အကျိူးရှိပြီးဖြစ်သည်ကို ဘာအတွက်ကြောင့်များ  သူ့၏လက်ထက်ကျမှ  ပုန်ကန်ကြရသနည်း......?

ယခုဆိုလျှင် သူတို့၏ တော်ဝင်မျိုးနွယ် တစ်မျိုးနွယ်လုံးအား ရက်ရက်စက်စက် ဇီဝိန်ခြွေခြင်းကို ခံခဲ့ရပြီးဖြစ်ကာ သူတစ်ဦးတည်းသာ ကျန်တော့လေသည်။ ဤသည်ကလည်း လူယုံသတ်လို့ သေရခြင်း...။

မသေမျိုးဖြစ်သဖြင့် အထူးစီမံထားသော ဓားမြှောင်ဖြင့်သာ သူတို့အား သတ်နိုင်လေသည်။ နန်းတော်အတွင်းမှ အမတ်များသည် အနှီဓားမြှောင်ကို ပိုင်ဆိုင်သော မျိုးနွယ်စုနှင့်ပူးပေါင်းကာ သူတို့အား ပုန်ကန်ခဲ့ကြသည်။ သခင့်လက်ကို ပြန်ကိုက်သော ခွေးများပမာ ကျေးဇူးအကန်းခံခဲ့ရသောကြောင့် သူ့ရင်ထဲ ရွံမုန်းမိသော်လည်း ထိုသူတို့အား ခုခံနိုင်စွမ်းမရှိချေ။


He Was A Vampire (Season1 completed)Where stories live. Discover now