(5)

1.8K 201 6
                                    

Unicode Version
~~~~~^~~~~~~

*Idolဆိုတာ ချိုနဲ့လား??*

"Luis မဟုတ်ဘူးလေ။ အဲ့လို တောင့်တောင့်ကြီး မဟုတ်ဘူးလေကွာ"

ဟိုလိုလည်းမဟုတ်၊ သည်လိုလည်းမဟုတ်နှင့် စိတ်အပြောင်းအလဲမြန်လွန်းနေသော သူ့ရှေ့မှ နှုတ်ခမ်းမွှေးစစနှင့်လူကို ေဒါသထွက်လာမိသည်။

သည်နေ့နှင့်ဆိုလျှင် မထော်မနှမ်းအကများကို သူကျင့်နေရသည်မှာ သုံးရက်တိတိရှိပြီဖြစ်သည်။ အနုပညာကို သူမြတ်နိုးပါသည်။ သူခံစားတတ်ပါသည်။ သို့သော်လည်း ယခုကဲ့သို့ ကကွက်များကိုတော့ သူတစ်ခါမျှ မမြင်ခဲ့ဖူးချေ..။ ဆန်းကြယ်လွန်းလှပါသည်။

အနုပညာကို ခံစားသိမြင်နိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုကဲ့သို့  ကကွက်များ၊ သံစဥ်များ ၊ ဆန်းဆန်းပြားပြား  ဖွဲနွဲ့သီဆိုထားသော သီချင်းများနှင့်  ဝတ်စားဆင်ယင်ပုံများကိုတော့   တစ်ခါမျှ  မမြင်ဖူး ၊မတွေ့ခဲ့ဖူးပါချေ..။  အလွန်တရာကို  ဆန်းကြယ်သော  ဂီတအမျိုးအစားပင်ဖြစ်သည်ဟု  တွေးနေမိသည်။

"အရမ်းကြီး မတင်းကြပ်ပါနဲ့.... Luisက နေကောင်းသေးတာမဟုတ်ဘူးလေ...."

အနောက်မှ ရုတ်တရက်ထွက် ေပါ်လာသော အသံကြောင့် သူလှည့်ကြည့်လိုက်မိသည်။

သူတို့ထံသို့ တစ်လှမ်းချင်း  တည်ငြိမ်စွာ လျှောက်လှမ်းလာသော လူသားတစ်ယောက်....

ချောမောလွန်းလှပါသည်။   သူ့ဘဝတွင် မည်သည့်လူသားကိုမျှ ချီးမွမ်းခြင်း မရှိခဲ့သော်လည်း အနှီလူသားကတော့ ယခုအချိန်တွင် ခြွင်းချက်ပါပေ......။

ထိုလူသား၏ မျက်ဝန်းညိုညိုများကို သူအားကျမိသည်။ ထိုမျက်ဝန်းအကြည့်များသည် နူးညံ့သယောင်နှင့် တည်တင်းသည်။ နက်နဲသယောင်နှင့် ပြတ်သားထင်ရှားသည်။ လူသားတစ်ယောက်၏ မျက်ဝန်းအလှကို စာဖွဲ့မိခြင်းမှာ သည်တစ်ခါ ပထမဆုံးအကြိမ်ပင် ဖြစ်ပါလိမ့်မည်။

"မင်္ဂလာပါ CEO Lee"

အကနည်းပြဟု ေခါ်သော ယောကျာ်းကြီးက အနှီအမျိုးသားအား ရိုရိုသေသေ နှုတ်ခွန်းဆက်လိုက်သည်မို့ သူနည်းနည်း ရှိန်သွားမိသည်။ သူ့ကို ဆူဟောက်နေသည့် နှုတ်ခမ်းမွှေးကတောင် ဦးညွတ်ရသူမဟုတ်ပါလား.... အကြီးအကဲ တစ်ယောက်ယောက် ဖြစ်လိမ့်မည်ဟု သူကောက်ချက်ချနေမိသည်။

He Was A Vampire (Season1 completed)Where stories live. Discover now