(6)

1.5K 187 1
                                    

Unicode Version
~~~~~~^~~~~~

(Taiwan 101 Towerသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း)


မြင်နေရသော မြင်ကွင်းသည် ထူးဆန်းလှပေသည်။  အနည်းငယ်မှောင်မိုက်သော ဤနေရာတွင်   အသံကလည်းလုံနေကာ  အခြားကမ္ဘာသစ်တစ်ခုသို့ ရောက်နေရသလားဟုပင်  သူခံစားနေရလေသည်။ 

ထိုစဥ်  သူ့အား ကျောပေးကာ ရပ်နေသော ပုံရိပ်တစ်ခု.... ။ ထိုပုံရိပ်၏ ကျောေပါ်တွင် လှပစွာ နေရာယူထားသည်က ငွေမှင်ရောင် ဆံနွယ်ရှည်များ....။

သူနှင့် အလွန်တူလွန်းသော  အနှီပုံရိပ်နှင့် နီးရာသို့  သူဦးတည်လိုသော်လည်း  စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်ကာ  ခြေလှမ်းတို့က မရွေ့......

အော်ေခါ်သော်လည်း  အသံတို့က မထွက်လာပေ။ ချွေးစေးတွေပင်  ပြန်လာရလေသည်။  တဖြည်းဖြည်း ဖျော့တော့လာသော ထိုပုံရိပ်လေးကြောင့်   သူချောက်ချားလာမိသည်။

"မပျောက်ကွယ်သွားပါနဲ့။  ငါကိုယ်တော်ကို  မထားသွားပါနဲ့.....!!!!"

~
~
~

ဂယောင်ချောက်ချား အော်ဟစ်နေသော Luisကြောင့်   ချန်းချီ လန့်နိုးလာလေသည်။  အိပ်မက်ဆိုး မက်နေပုံ ေပါ်သည့် ညီငယ်လေးကြောင့်   ကုတင် ေပါ်မှဆင်းကာ  Luisဆီသို့  သူအပြေးသွားလိုက်လေသည်။

အခန်းတွင်းရှိ ညအိပ်မီးရောင် မှိန်မှိန်အောက်မှ  မျက်နှာတွင် ချွေးစေးတွေအပြည့်နှင့် ညီငယ်လေးသည်  စိတ်နှင့်လူလည်း ကပ်ပုံမ ေပါ်......

"Luis... အဆင်ပြေရဲ့လား????"

~

~

"Luis... ရော့  သောက်လိုက်"

သူ့ရှေ့သို့ ရောက်လာသော ဖန်ခွက်ကြည်ကြည်လေးကို တွေတွေကြီး ငေးကြည့်နေမိသည်။

"ရေတွေပါ... စိတ်ချလက်ချသောက်"

သူကမ်းပေးသော ရေခွက်ကို  ငယ်ကျွမ်းဆွေပမာ  မျက်တောင်မခတ်တမ်းကြည့်နေသော  ညီငယ်လေးကြောင့်  ချန်းချီ စိတ်မရှည်ချင်တော့....။

လက်လည်းညောင်းလာပြီဖြစ်သောကြောင့်  သူကိုယ်တိုင်ပင်  ဖန်ခွက်အား ညီငယ်လေး၏ နှုတ်ခမ်းဝတွင်  တေ့ကာ  ရေတိုက်လိုက်လေသည်။ ထိုအခါမှသာ စိတ်နှင့်လူ ကပ်သွားပုံ ေပါ်လာသော ညီငယ်လေးသည်  သူ့အား မော့ကြည့်လာလေသည်။

He Was A Vampire (Season1 completed)Where stories live. Discover now