Unicode Version
အခန်း(၁၅)မုသားဖြူ
ယခုတလော သူ့အား ရှောင်ဖယ် ရှောင်ဖယ်လုပ်နေသော ထိုက်ရန်ကြောင့် ရန်ဟောက် ရင်ထဲ အုံ့မှိုင်းကာ တိမ်ထူထပ်နေလေသည်။ သူဖွင့်ပြောပြီးကတည်းက ထိုက်ရန်သည် သူ့အား လမ်းမှာ အမှတ်မထင် တွေ့လျှင်ပင် မမြင်ချင်ယောင်ဆောင်သွားတတ်သည်။ သရုပ်ဆောင်ကောင်းလွန်းသဖြင့် Dramaတစ်ကားလောက်ပင် ပွဲဦးထွက်ကာ သရုပ်ဆောင်စေချင်စိတ် ေပါက်သွားမိသည်။
သူ ဖွင့်ပြောလိုက်သည်ကို သဘောမကျလို့များလား??? သည်လိုဆိုလျှင်လည်း ထိုညကပင် သူ့အား ပစ်ပစ်ခါခါဆက်ဆံမှာ ေပါ့...။ ထိုညက ပုံမှန်ထက်ပင် ထိုက်ရန်ပိုပြုံးနေခဲ့သည်ကို သူမှတ်မိနေပါသည်။ သည်လိုဆိုလျှင် ထိုက်ရန်မှန်း ဘယ်လိုသိလဲဟု မေးခဲ့စဥ်က ချက်ချင်းပြန်မဖြေလို့များလားဟု သူထပ်တွေးမိပြန်သည်။ ဒါကတော့ ဖြစ်နိုင်ချေရှိသည်။
သို့သော်လည်း အမှန်အတိုင်း သူဖြေလိုက်လို့မဖြစ်ပေ။ ထို့ကြောင့် သင့်တော်သော အဖြေကို သူရှာဖွေနေမိခြင်းဖြစ်သည်။ ရန်ဟောက်သာ နှိမ်နင်းသူမျိုးနွယ်စုဝင်မှန်း ထိုက်ရန်သိသွားလျှင် သူ့အား မုန်းတီးသွားမည်မှာ ဧကန်မလွဲပင်...။ ထိုက်ရန်၏ အမုန်းများကိုတော့ မခံယူလိုပေ။ ထိုကောင်လေးအား စိတ်ကြည်သွားအောင် သူဘာလုပ်ရမလဲဟု ရန်ဟောက် အကြိတ်အနယ်ကို တွေးနေမိသည်။
~ ~ ~ ~ ~ ~ ~
"Luis..."
"Luis..."
သူ့နာမည်ကို ေခါ်နေသော ကောင်လေးအား မကြားချင်ယောင်ဆောင်ကာ ဆက်လျှောက်နေလိုက်လေတော့ ထိုကောင်လေးက သူ့ရှေ့မှ ပိတ်ရပ်ကာ လက်အား လှမ်းဆွဲလိုက်လေသည်။
"Luis....ကိုယ့်ကို ဘာလို့ ရှောင်နေရတာလဲ? ကိုယ်ဘာတွေများ အမှားလုပ်ထားမိလို့လဲ? Luisပြောမှ ကိုယ်သိမှာလေ... အဲ့လိုကြီး လုပ်မနေဘဲ ဘာတွေကို အလိုမကျလဲဆိုတာ ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောပါ.. နော်။ ကိုယ်တို့ စကားပြောကြရအောင်"
YOU ARE READING
He Was A Vampire (Season1 completed)
Fantasyရှေးနှစ် ေပါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ......... ရှေးနှစ် ပေါင်းများစွာမှ vampireလေးတစ်ယောက် ထိုင်ဝမ်နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ idolလေးရဲ့ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသောအခါ...