(12)

1.2K 156 0
                                    

Unicode Version

အခန်း(၁၂)CEOရဲ့ Fanboyလေး


"မင်္ဂလာပါ  Luis...  ကိုယ်က  အန်မန်ဆူပါ။ မင်းတို့ အိမ်ဘေးနားကို  ပြောင်းလာတာ မကြာသေးဘူး"


"အော်.. တွေ့ရတာ ဝမ်းသာပါတယ်.."
သူ့ရှေ့ရှိ   စမတ်ကျကျ ဝတ်စားထားသော ကောင်လေးအား   ပြုံးပြကာ ပြန်နှုတ်ဆက်လိုက်လေသည်။  သူ့၏  နောက်ထပ် fanboyလေးများလားဟုလည်း  တွေးနေမိသည်။

"Luisက  အပြင်မှာ  ပိုချောတာပဲ.....။ တကယ့်ကို  မွေးရာပါကို ကြည့်ကောင်းတာဗျာ။ အားကျလိုက်တာ"

အနှီလူသား၏ စကားကြောင့် သူ့ခမျာ  ရှက်ကိုးရှက်ကန်းပင် ဖြစ်သွားလေသည်။ သူ့ထက် အဆ ေပါင်းများစွာ  ကြည့်ကောင်းပြီး ခန့်ညားသူက  အားကျသည်တဲ့လား....

"အာ.... မဟုတ်တာ။  အန်မန်ဆူက  ပိုပြီးကြည့်ကောင်းတာပါ"

"Luisကတော့  မြှောက်ပြောနေပါပြီ...။ ဘယ်သူ့သွားမေးမေး.. Luisက ပိုချောတယ်လို့ပဲ ဖြေကြမယ့်ဟာ.."

"အာ မဟုတ်တာ...."

"အဟမ်း!!!  အဟမ်း!!!"

တစ်ယောက်ကို တစ်ယောက် ချီးမွမ်းခန်းဖွင့်လို့  မပြီးဆုံးနိုင်သည့် နှစ်ယောက်ကို  ရန်ဟောက်  အမြင်ကတ်ကတ်နှင့်    ချောင်းသံ ပေးလိုက်လေသည်။

"အာ...  CEO Lee  အအေးမိပြီထင်တယ်။  အားနာလိုက်တာ..။ အိမ်မှာ ညစာစားပြီး  ပြီးစလွယ်အိပ်လိုက်ရတာ။  ဧည့်ဝတ်မကျေတဲ့  အိမ်ရှင်ကို ခွင့်လွှတ်ပါ"

ချန်းချီ အားနာနာနှင့် ပြောလိုက်လေတော့  ညီငယ်လေးက  သူ့အား  ပိုကိုပိုလွန်းသည်ဟူသော  မျက်ဝန်းများနှင့်  ကြည့်နေလေသည်။

(မကြည့်နဲ့ညီငယ်လေးရေ....  ဒါတွေအားလုံး မင်းကြောင့်ပဲ...)

"နောက်ကျနေပြီ။ သွားကြမယ်"

ပြောပြီး  သူ့အားဆွဲ ေခါ်သွားသော  CEO Leeကြောင့်   ယက်ကန် ယက်ကန်နှင့်ပါသွားရလေသည်။

အန်မန်ဆူကတော့  အမျိုးအမည် မဖော်နိုင်သော  အပြုံးတစ်ခုကို ပြုံးကာ ကျန်ရစ်ခဲ့လေသည်။

He Was A Vampire (Season1 completed)Donde viven las historias. Descúbrelo ahora