(10)

1.2K 161 0
                                    

Unicode version

အခန်း(၁၀)CEOအား ညစာဖိတ်ကျွေးသော အစ်ကိုကြီး

~~~~~~~~~~

"Luis... အေးအေးလူလူ နေမနေနဲ့။ အိမ်ကို နည်းနည်းကြည့်ကောင်းအောင် ရှင်းထား ကြားလား"

ဖုန်းထဲမှ ဂိမ်းကို သည်းကြီးမည်းကြီးဆော့နေသော ညီငယ်လေးကို အလုပ်ခိုင်းလိုက်သော်လည်း ညီငယ်လေးကတော့ သူ့စကားကို မကြားသည့်အလား ထိုင်နေရာမှ တစ်မီလီမီတာပင် မရွေ့သွားချေ...။

သည်ကောင်လေး အခုတလော ဂိမ်းတွေ အရမ်းဆော့လာသည်ကို သူသတိထားမိသည်။ သတိရခါစကဆိုလျှင် ဖုန်းကို အန္တရာယ်ရှိသော ပစ္စည်းသဖွယ်ကြည့်ကာ အနားတွင်ပင် အထားမခံသည့် ညီငယ်လေးသည် သူ့၏ အသင်အပြကောင်းမှုကြောင့် ယခုဆိုလျှင် လက်ကပင် မချတော့.....။

ကြက်သွန်နီကို လှီးနေရသောကြောင့် သူ့ခမျာ မျက်ရည်များကျနေသော်လည်း မသုတ်အားပေ။ သည်နေ့ညနေစာကို စပါယ်ရှယ် လက်စွမ်းပြရမည်။ မနေ့က ဓာတ်လှေကားထဲတွင် ညီငယ်လေး၏ လုပ်ရပ်ကြောင့် CEO Leeကို အလွန်အမင်းကို အားနာနေရလေသည်။ ထို့ကြောင့် ညနေစာ ဖိတ်ကျွေးကာ တောင်းပန်ရမည်။ ဆိုင်ကောင်းကောင်းတွင် ဝယ်ကျွေးလည်းဖြစ်သည်ကို စိတ်ရင်းကို ဖော်ပြချင်လွန်းသောကြောင့် ပင်ပင်ပန်းပန်းကို တကူးတက ချက်ပြုတ်ပြင်ဆင်နေရလေသည်။

အားမကိုးရသော ညီငယ်လေးသည် ယခုဆိုလျှင် ဧည့်ခန်းထဲတွင်ပင် မရှိတော့...။ အိပ်ခန်းထဲဝင်သွားပြီး စတေးရှောင်နေလေသည်။

~ ~ ~ ~ ~ ~ ~

ကြက်သွန်နီအနံ့ကြီးကြောင့် သူ့ခမျာ အပြေးအလွှားကို အိပ်ခန်းအတွင်းသို့ ဝင်ရလေသည်။ လူ့ခန္ဓာကိုယ်ထဲ ရောက်နေသောကြောင့် သွေးမသောက်ဘဲ အခြားအရာများ စားရုံဖြင့် သူအသက်ရှင်နိုင်သော်လည်း ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကိုတော့ ရင်ထဲ အသည်းထဲကကို လှိုက်လှိုက်လှဲလှဲ မုန်းတီးနေမိသည်။

ထို့ကြောင့် ဝေးရာကို ပြေးလာသော သူ့ကို ဝမ်ကောကတော့ အလုပ်မကူချင်လို့ ရှောင်ပြေးလာသည်ဟု ထင်နေတော့မည်။ မတတ်နိုင်ပေ....။

He Was A Vampire (Season1 completed)Donde viven las historias. Descúbrelo ahora