(14)

1.1K 128 0
                                    

Unicode Version

အခန်း(၁၄)သဝန်တိုတာ ချစ်နေလို့လား?

"ကျွန်တော်နဲ့ Dateပေးနိုင်မလား?? အာ မဟုတ်သေးဘူး!,"

"ကျွန်တော်နဲ့ ရုပ်ရှင် အတူကြည့်ကြရအောင်... ဟာ... မဟုတ်သေးပြန်ဘူး ကျစ်!! စိတ်ရှုပ်လာပြီ"

Leoတစ်ယောက် မှန်ရှေ့တွင် အမူအရာမျိုးစုံလုပ်ကာ လေ့ကျင့်နေသည်မှာ တစ်နာရီပင် ရှိတော့မည်။

ဘာလို့များ ဒီလောက်ခက်နေရတာလဲ??? ဒါတောင် နှစ်ယောက်တည်း အပြင်ထွက်ဖို့ပဲ ပြောဖို့ကျင့်နေတာ... အခြား အခြားသော ချစ်တယ်တို့ သဘောကျတယ်တို့ဆို ဘယ်လိုသတ္တိနှင့်များ ပြောရပါလိမ့်.....

"Leo Leo... မင်းဟာလေ.... ဒီလောက်တောင် သတ္တ်ိမရှိဘူးလား။ သရဲဘောကြောင်လိုက်တာကွာ......"

မှန်ထဲတွင် မြင်နေရသော သူ့ကိုသူ လက်ညိုးထိုးကာ အပြစ်ပြောနေမိသည်။ သည်အိပ်မက်လေးကိုတော့ လက်တွေ့မှာအထမြောက်အောင် သူအကောင်အထည် ဖော်ချင်ပါသည်..။

~ ~ ~ ~ ~ ~ ~


မြင်နေရသော မြင်ကွင်းသည် လုံးဝကို တင့်တယ်မှုမရှိပေ...

CEOတန်မဲ့ မိန်းကလေးတစ်ယောက်နှင့် ပြုံးရွှင်ကာ စကားပြောနေသည်မှာ နှာဘူးကြီးအလား...... သွား(၃၂)လုံး ေပါ်အောင် ဖြီးပြနေသည်မှာလည်း ပါးစပ်ပင် နားရွက် တက်ချိတ်တော့မည်...။

ဆန္ဒကို သိက္ခာနှင့် ထိန်းပါဆိုသည့်စကားသည် CEO Leeအတွက်တော့ လက်ကိုင်ထားစရာမလိုဘူးဟု သတ်မှတ်ထားသည် ထင်ပါရဲ့....

မိန်းကလေးတစ်ယောက်ကိုများ သွားရည်တမြားမြားနှင့် မျက်တောင်မခတ်တမ်းကြည့်နေသည်မှာ မုဒိမ်းကောင်ကြီးအလားပင်...

ဆက်မကြည့်လိုတော့သဖြင့် အနှီနေရာနှင့် ဝေးရာသို့သာ ထိုက်ရန်ထွက်လာခဲ့လေသည်။ လူသားတွေများ... မျက်နှာသာပေးပြီး အကောင်းမြင်ပေးလို့ကို မရချေ..... ရောလေ ေပါလေပင်...

မနေ့ကတင် သူ့အား ချစ်ခွင့်ပန်ခဲ့သည့်လူက ယနေ့ကျတော့ အခြားမိန်းကလေးတစ်ယောက်နှင့် ပြုံးလို့ဖြီးလို့ပင်...။ သူ့မှာတော့ တစ်ညလုံး ရင်တွေအခုန်လွန်ကာ ပျော်နေခဲ့လိုက်ရတာ...။ တကယ်ကို မျက်နှာများသည့် လီရန်ဟောက်ရယ်ပါ...။

He Was A Vampire (Season1 completed)Where stories live. Discover now