(7)

1.4K 179 2
                                    

Unicode Version
~~~~~^~~~~~~

(Fanboyလေးနှင့် အမှတ်မထင် တွေ့ဆုံမိခြင်း)

"Luis....Luis..!"

"အမ်?? ရောက်ပြီလား??"

အပြန်ခရီးတစ်လျှောက်လုံး အိပ်မောကျနေသော ညီငယ်လေးသည် သူ့၏ အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်နေလေသည်။

"ရောက်တာက မရောက်သေးဘူး။ ဒါပေမယ့် ဝယ်စရာလေးတစ်ခုရှိလို့"

"အော်... အင်း... သွားလေ။ စောင့်နေမယ် ဝါးးးးး"

သမ်းဝေရင်း သူပြောလိုက်လေတော့ လူသားဝမ်က ကျေနပ်ပုံ မ ေပါ်ပေ။

လူသားတွေများနော်... စိတ်မထားတတ်လိုက်ကြတာ.. သူ့ကို မအိပ်တော့လည်း အပြစ်ပြော.. အိပ်တော့လည်း အေးအေးဆေးဆေးတောင် အိပ်ခွင့်မပေးနှင့်..။ အမျိုးစုံကို ကြိုးခုန်တတ်ကြသည်။

"မရဘူး..။ Luisပါလိုက်ခဲ့။ လာပါကွာ"

ပြောရင်းပင် လူသားဝမ်က သူ့အား ကားပြင် ဆွဲထုတ်နေသောကြောင့် သူ့ခမျာ maskဟူသော မျက်နှာဖုံးကြီးကို ကောက်စွပ်ရပြန်သည်။

မျက်နှာဖုံးဟုသာ သုံးနှုန်းလိုက်ရတာ... လှလှပပလည်း မရှိပေ။

"ရတယ် ရတယ်။ အဲ့ဒါကြီး မတပ်နဲ့တော့..။ ချွတ်ခဲ့"

လူသားဝမ်က ပြောလည်းပြော သူ့၏ မျက်နှာမှ မျက်နှာဖုံးကိုလည်း ဆွဲချွတ်လိုက်လေသည်။

အတော်ကို အပြောင်းအလဲမြန်သည့် လူသားဝမ်ရယ်ပါ။ အပြင်သွားလျှင် အနှီမျက်နှာဖုံးကြီးကို တပ်ဖို့ တဖွဖွ နားပူနားဆာ လုပ်တော့လည်း အနှီလူသားဝမ်ပဲ.... ယခု မတပ်နဲ့လို့ပြောပြီး ဆွဲချွတ်နေတာလည်း အနှီအမျိုးသားကောင်း လူသားဝမ်ပင်...... ရူးနှမ်းများနေသည်လား..??

သူ့အား အလိုမကျဟန်ဖြင့် စူပုပ်နေသောညီငယ်လေး၏ မျက်နှာတော်အား လျစ်လျူရှုကာ ဆိုင်ခန်းတစ်ခုအတွင်းသို့ ချန်းချီ ဝင်လိုက်လေသည်။

"ကြိုဆိုပါတယ်ရှင်..... ဟယ်!! Luis!!! Luisမဟုတ်လားဟင်??"

သူ့ကို တွေ့သည်နှင့် ဝမ်းသာအားရအော်နေသော မိန်းမပျိုလေးသည် မျက်နှာချေများကို ဖွေးစွတ်နေအောင် လိမ်းခြယ်ကာ နှုတ်ခမ်းဆိုးဆေးကိုလည်း ရဲတောက်နေအောင် ခြယ်မှုန်းထားလေသည်။သို့သော်လည်း အဝတ်အစားဖိုး တတ်နိုင်ပုံ မ ေပါ်ချေ... ေပါင်လယ်လောက်သာရှိသော ဝတ်စုံကို ဝတ်ဆင်ထားသော ထိုအမျိုးသမီးငယ်လေးကို သူသနားသွားမိသည်။

He Was A Vampire (Season1 completed)Where stories live. Discover now