(4)

2K 219 0
                                    

Unicode Version
~~~~~^~~~~~~

*ငါမင်းကိုမုန်းတယ် Luis!!!*



Ding Dong.....

Ding Dong.....

မနက်စောစောစီးစီးပဲ ရှိသေးသည်ကို မည်သူကများ လူေခါ်ဘဲ(လ်)ကို တီးနေရပါသနည်းဟု တွေးကာ ချန်းချီတစ်ယောက် အိပ်မှုန်စုံမွှားဖြင့် ထလိုက်လေသည်။ Luisဆေးရုံမှဆင်းပြီးကတည်းက သူသည်လည်း အိမ်မပြန်ဘဲ Luisနှင့်သာ နေဖြစ်လေသည်။

စိတ်မချသေးသည်လည်းပါသည်ကိုး.... သည်လောက် အခြားကမ္ဘာမှ လူတစ်ယောက်လို ပြုမူနေသည့် Luisကို သူ့အနေနှင့် ဘယ်လိုစိတ်နှင့်များ တစ်ယောက်တည်း ထားခဲ့နိုင်မည်လဲ....။

Luisသည် သူနှင့် ဆွေမကင်း မျိုးမကင်းဆိုလည်း မှန်ပေလိမ့်မည်။ အဖေမတူ၊အမေကွဲဖြစ်သော်လည်း အချင်းချင်းလက်ထပ်ထားကြသည့် မိဘဖြစ်သူများကြောင့် ညီအစ်ကိုဆိုလျှင်လည်း မမှားချေ....


ပညာရေးတွင် မဖြစ်ထွန်းသော ငပျင်းလေး သူ့အတွက် Luis၏ personal manager လုပ်ရသည်မှာ အတော့်ကိုအဆင်ပြေကာ ဝင်ငွေလည်း ကောင်းမွန်လှလေသည်။ သို့သော်လည်း ယခင်နှင့်မတူဘဲ တမူထူးကာ ပြောင်းလဲနေသော ညီဖြစ်သူလေးကြောင့် စိတ်ဖိစီးမှုများကာ အသက်(၂၄)နှစ်သာရှိသေးသည့် သူ့၏ ဆံပင်များပင် ဖြူလာတော့မလားဟု စိုးရိမ်နေရလေသည်။

~

~

"အမ်.... Leo???"

မျက်လုံးပင် အပြည့်မဖွင့်နိုင်သေးဘဲ အိပ်ချင်မူးတူးဖြစ်နေသော ကောင်လေးကို Leoတစ်ယောက် သူ့၏ ပါးချိုင့်များ ခွက်ဝင်သွားသည်အထိ ပြုံးပြလိုက်လေသည်။

"Good Morning ဝမ်ကော.... Luisကို သတင်းလာမေးတာပါ"

သူ့ရှေ့မှ ပြုံးဖြီးနေသော ကောင်လေးအား အထဲဝင်ထိုင်ခိုင်းကာ Luisကို နှိုးရန် ချန်းချီ ချီတက်လိုက်လေသည်။

ကုတင် ေပါ်တွင် သွားရည်အိုင်ထဲ စက်တော်ေခါ်နေသော Luisကိုကြည့်ကာ ချန်းချီ အကျေနပ်ကြီး ကျေနပ်ကာ ပြုံးလိုက်မိသည်။

အနှီကောင်လေး ညဘက်တွေ မအိပ်သောကြောင့် အိပ်ဆေးပါသော ဆေးများကို ဆရာဝန်အား မေတ္တာရပ်ခံကာ ထည့်ခိုင်းခဲ့ရုံသာမက နွားနို့ပါ မရမက အတင်းသောက်ခိုင်းခဲ့သောကြောင့် ယခုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်းဖြစ်လေသည်။ မဟုတ်လျှင် ညဇီးကွက်လုပ်လွန်းသောကြောင့် မျက်တွင်းများ ချိုင့်ကာ ပန်ဒါကပင် Luisကို အဖေဟု ေခါ်နေရမည်။

He Was A Vampire (Season1 completed)Where stories live. Discover now