(9)

1.2K 162 0
                                    

Unicode version


အခန်း(၉)မင်းပဲဖြစ်မှာပါ.....

~ ~ ~ ~ ~ ~ ~

ဝုန်း!!!

အရှိန်နှင့်ပြေးလာသော လူတစ်ယောက်သည် သူ့အားဝင်တိုက်မိသော်လည်း အတိုက်ခံရသူ သူ့မှာ မလဲဘဲ လာတိုက်သည့် အနှီလူသားက လဲသွားလေသည်။

"အဆင်ပြေရဲ့လား???"

မေးရင်း သူထူပေးလိုက်တော့ သူနှင့်အတူ လိုက်ထလာသည့် ကောင်လေးသည် တစ်နေ့က သူတွေ့ခဲ့သော Fanboyဟူသော ကောင်လေးပင်....

"ကျွန်တော်က အဆင်ပြေပါတယ်..။ Luisထိခိုက်မိသွားမှာကိုပဲ ကျွန်တော်က ကြောက်နေမိတာ ဟီး.... ရတယ် ရတယ်။ ခုနက ကိုယ့်ဖိနပ်ကြိုး ကိုယ်နင်းမိပြီး ချော်လဲသွားတာ..။ အဲ့ဒါ Luisကိုပါ တိုက်မိသွားတယ်။ တောင်းပန်ပါတယ်နော်"

ဘာမျှမထိခိုက်သွားသော သူ့အား စိုးရိမ်ပေးနေသော ကောင်လေးကြောင့် သူပြုံးမိပြန်သည်။ လူသားတွေသည် ရံဖန်ရံခါ ယခုလိုလည်း ကြင်နာတတ်ပါသေးသည်။

"ကျွန်တော်က ဘာမှ မထိသွားပါဘူး..။ ဒီက.."

"အော်.. အန်းရုန်ပါ။ ရှောင်အန်းရုန်..."

"ဟုတ်... ရှောင်အန်းရုန်သာ ထိမိသွားတာလေ.. အဆင်ပြေရဲ့လား???"

"ပြေတယ် ပြေတယ်။ မပူနဲ့နော်။ ဒါဆို ခွင့်ပြုပါဦး။ ကျွန်တော် နည်းနည်းအလျင်လိုနေလို့ပါ.."

ထိုလူသားလေးက သူ့အား နှုတ်ဆက်ကာ တစ်နေရာသို့ ခပ်မြန်မြန် ဦးတည်နေလေသသည်။ ဆက်ကြည့်နေလျှင် စပ်စုရာကျမည်စိုးသောကြောင့် နားနေခန်းဟူသော နေရာသို့သာ သူဦးတည်လိုက်လေသည်။

~ ~ ~ ~ ~ ~ ~

"ရလာလား???"

သူမေးလိုက်လေတော့ ထိုကောင်လေးက ေခါင်းငြိမ့်ပြကာ လက်ထဲမှ တစ်စုံတစ်ရာအား သူ့ထံသို့ ကမ်းပေးလေသည်။

"အင်း... တော်တယ်..။ မင်းတာဝန်ကျေတယ် ရှောင်အန်း..."

သူ့အား ချီးကျူးလိုက်သော်လည်း အန်းရုန် မကျေနပ်ချေ...။ သူလိုချင်တာ ချီးကျူးစကားမှ မဟုတ်တာ။ လိုချင်တာကို ရလိုက်ပြီးသည်နှင့် သူ့အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မထင်တော့သော ထိုသူကြောင့် အံကိုတင်းတင်းကြိတ်ကာ သူထွက်လာလိုက်လေသည်။ အန်းရုန်ဆိုသည်မှာ အန်မန်ဆူအတွက်တော့ လိုသုံးသာသာရယ်ပါ.....။

He Was A Vampire (Season1 completed)Donde viven las historias. Descúbrelo ahora