Chapter 1

1.3K 122 15
                                    

"ဟေ့...ဟေ့...အနောက်မှာလာနေပြီ။ သတ်လေ ...သတ်လေ။ ဘာငေးနေတာလဲ။"

Bang Chan ၏ အလောတကြီး သတိပေးစကားဟာ အာရုံစူးစိုက်နေသည့် Minho ကိုပိုပြီး ထူပူသွားစေသည်။ "မရှုံးစေရဘူး" ဟု စိတ်အာရုံထဲ သန္ဓိဋ္ဌာန်ချမှတ်ထားခဲ့သော်လည်း ဒီတစ်ပွဲတွင် သူထပ်၍ရှုံးရပြန်ပြီ။

"ဟာ...သွားပြီကွာ။"

Changbin သည်လည်း လက်ထဲ အမိအရ အသေအချာဆုပ်ကိုင်ထားသော keyboard ကို ရိုက်ချပစ်လိုက်ပြီး စိတ်ပျက်လက်ပျက် ထညည်းလေ၏။

"Lee Minho ကတော့ Game နဲ့ပတ်သက်လာရင် ဘယ်တော့မှ သုံးစားမရဘူးဟေးးးး"

"ချီးကိုသုံးစားမရတာလား။ တစ်သက်လုံး ငါမင်းတို့ကို နိုင်အောင်ဆော့ပေးလာတာ။ တစ်ပွဲတစ်​လေ ရှုံးတာကို ခိုညည်းသလိုညည်းပြမနေနဲ့။"

ရှားရှားပါးပါး Game ရှုံး​၍ စိတ်ပျက်နေသော Minho မှာ ဘေးနားမှနေ၍ ရှုံးမည်းမည်းနေကြသော နှစ်ယောက်​ကြောင့် ပို၍စိတ်တိုလာရသည်။ ငြိမ်ခံမနေတတ်သည်မှာ ပင်ကိုဗီဇဖြစ်သည်နှင့်အညီ မျက်နှာထားတည်၍ ထအော်လိုက်တော့မှ ပါးစပ်အသီးသီးပိတ်ကြကာ သူတို့ရှေ့ရှိနေသော မုန့်ထုပ်များကို ဆွဲယူစားကုန်ကြ၏။

"သုံးယောက်တွဲဆော့တာမို့လို့ penalty မရှိတော့ပျင်းစရာကြီး။"

"အင်းကွာ။ ငါက Lee Minho ကြောက်တဲ့ ခြံကြီးထဲသွားခိုင်းမယ်လို့ စဥ်းစားထားတာကို။ နောက်တစ်ပွဲ ပြိုင်ဆော့ရအောင်။"

'Lee Minho ကြောက်တဲ့ ခြံကြီး' ဟူသောစကားလုံးကို ကြားလိုက်ရချိန်တွင် Minho ၏ လက်ဖျံပေါ်မှ ကြက်သီးမွေးညင်းတို့ ထောင်လာ​ကြောင်း ခံစားလိုက်ရသည်။

"အဲ့ခြံထဲသွားခိုင်းမယ့်အစား တစ်ရှူးပဲစားခိုင်းလိုက်ပါတော့လား။"

"တစ်ရှူးက မင်းစားနေကျလေ။ အဲ့ခြံထဲသွား ဆိုရင်တော့ တော်တော်ကြည့်ကောင်းမှာ။"

Minho ၏ စကားကိုတန်ပြန်ပြောလာသော Chan မျက်နှာပေးမှာ အတွေးနဲ့တင် အတော်ပျော်စရာကောင်းနေပြီဟု စာတန်းထိုးပြထားသည့်နှယ်။ Minho မျက်စောင်းတစ်ချက်ထိုး၍ Game ထဲအာရုံပြန်စိုက်ရန် စိတ်ကူးသော်လည်း သူ့အတွေးထဲ ခြံကြီးအကြောင်းက ပို၍ ကြီးစိုးလာနေလေ၏။

Clarity || Minsung FF||Where stories live. Discover now