မနက်ခင်းမှာ စိတ်ညစ်ညူးဖွယ်အငွေ့အသက်တို့ လွှမ်းခြုံထားသည့်တိုင် မသိလိုက်မသိဖာသာ လတ်ဆတ်နေမြဲ။ မျက်ဝန်းတို့ကို သက်တောင့်သက်သာဖွင့်ဟလိုက်၍ ခပ်နွေးနွေးကုတင်ကြီးထက်ဝယ် စောင်ပုံကြား ငြိမ်ငြိမ်ကလေးရှိနေမိဆဲ Jaehyung မှာတော့ ဝရန်တာတွင် ဆေးလိပ်တစ်လိပ်အား ဖွာရှိုက်နေသော လူကြီးကို ခပ်တွေတွေစိုက်ကြည့်နေမိသည်။
ခန့်ညားနေပါ၏။ အသက်အရွယ်နှင့် မလိုက်ဖက်လောက်အောင်ပင် နုပျိုခန့်ညားနေသော ထိုလူကြီး၏ကျောပြင်မှာ ပထမဆုံးတွေ့ဆုံချိန်ကတည်းက သဘောကျခဲ့ရပါသော ကျောပြင်ကျယ်ဖြစ်ကြောင်း အမှတ်တရတွေးမိစေသည်။
နီးကပ်စွာရှိမနေရခြင်းကို သည်းမခံနိုင်သည့်အဆုံး ကုတင်ပေါ်မှထသွားလိုက်ကာ ကျောပြင်ကျယ်ကိုထွေးပွေ့မိတော့ လူကြီးက သူ့လက်နှစ်ဖက်ကိုဆုပ်ကိုင်လာသည်။ လက်ထဲမှ ဆေးလိပ်တိုကိုလည်း ချက်ချင်းဆိုသလို လွှင့်ပစ်လိုက်၏။
"ဘာလို့အပြင်ထွက်လာတာလဲ။ ဆေးလိပ်ငွေ့တွေရှူမိကုန်ရင် Allergy ထလာဦးမယ်။"
သူ့ကိုမျက်နှာမူလာ၍ တည်ငြိမ်သော လေသံအနေအထားနှင့် ဆူသလိုပြောလာသော လူကြီးရင်ခွင်ကို မှီနိုင်သည်အထိ ခါးကိုညွှတ်ကာ ရင်ခွင်ထဲမျက်နှာအပ်လိုက်တော့ လူကြီးက ရယ်သည်။
"အရပ်ကြီးကလန်ကလားနဲ့ကွာ။"
"ဒီလိုဆို ဆေးလိပ်ငွေ့တွေမရှူမိတော့ဘူးလေ။"
"ကိုယ်ကဆေးလိပ်သောက်ထားတာကို။ လာပါ။ အထဲဝင်ရအောင်။ မနက်ဖြန်ခရီးသွားရမှာ၊ နေမကောင်းလို့မဖြစ်ဘူးလေနော်။"
"ကျွန်တော့်ကိုလွမ်းနေမှာလား။"
လက်ရှိအနေအထားကို ပြုပြင်ရန်ကြိုးစားနေသည့် လူကြီးအား အံတုကာ စကားလမ်းကြောင်းလွှဲတော့ Han Younghyun က သက်ပြင်းတိုတစ်ချက်ချသည်။
"အနားမှာရှိစေချင်တယ်ဆိုတိုင်း ဆွဲထားပိုင်ခွင့် ကိုယ့်မှာမှမရှိဘဲ Jaehyung ရယ်။ ပြီးတော့ မင်းကိုတကယ်သွားစေချင်တယ်။ မင်းရဲ့လုပ်နိုင်စွမ်းတွေ အလဟဿမဖြစ်စေလိုကြောင်း ကိုယ်တို့ဒီကိစ္စကို ပထမဆုံးအကြိမ်တိုင်ပင်ကတည်းကပြောခဲ့ပြီးပြီထင်တယ်။"
YOU ARE READING
Clarity || Minsung FF||
FanfictionWarning: This story is not as simple as you think. Read at your own risk cos' it might leave you dizzy. I didn't know the meaning of love. But when I saw you, the first thing that came to my mind is that you may be my definition of LOVE. You are m...