Chapter 22 (Part 2) / SPIN-OFF1

563 84 29
                                    

SPIN-OFF1 - All About Oh Dae Jung

"စိတ်ရောဂါခံစားနေရတဲ့သူပဲ"

ဆေးရုံ corridor ရှိ ခုံတန်းပေါ်တွင်ထိုင်၍ ပြောလာမည့်အကြောင်းအရာကို အာရုံစိုက်နားထောင်နေရာမှ Mr.Bang ပြောလာသော စကားကြောင့် Jisung ခန္ဓာကိုယ်ထဲရှိ သွေးများဆူပွက်လာရသည်။

"ဘာ...ဒါဆို ဒီ case က ထောင်ဒဏ်နည်းနည်းနဲ့ပြီးသွားမယ်လို့ဆိုလိုချင်တာလား။"

သူ၏မေးခွန်းကို Mr.Bang က စိတ်မသက်မသာဖြစ်ရဟန်နှင့် ခေါင်းငြိမ့်ပြ၏။

"D.I.D... Dissociative Identity Disorder လို့တော့ ဆရာဝန်ကပြောတယ်။"

"သူ့ဟာသူ ဘာ disorder ဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး။ ဒါပေမဲ့ အဲ့ရောဂါရှိတာနဲ့ပဲ သူလူတွေသတ်ခဲ့တာ၊ လူတွေကိုဒုက္ခပေးခဲ့တာတွေအားလုံးက အပြစ်လျှော့ပေါ့ရမယ်တဲ့လား။"

စကားပြောနေသည့်အသံမှာ တစ်ဆတစ်ဆပို၍ကျယ်လောင်လာလေတော့ သူ၏ဘေးတွင်ထိုင်နေသော Jaehyung ကပင် သူ့ပုခုံးကိုခပ်ဖွဖွပုတ်ကာ ထိန်းသည်။

"ကျွန်တော်ပြောတာ မှားနေလို့လား ဦးလေး။"

"အပြစ်ဒဏ်လည်းမချရသေးပါဘူး Jisung။ ပြီးတော့ အဘက်ဘက်ကနေ စဥ်းစားပေးရမှာပေါ့။"

"ဘာအတွက် စဥ်းစားပေးရမှာလဲ။ အဲ့လို သတ္တဝါကောင်ကရော သူအပြစ်ကျူးလွန်ခဲ့တဲ့သူတွေအပေါ် စဥ်းစားပေးခဲ့လို့လား။"

သွေးပူနေသော Jisung ကို ခေတ္တမျှ ခေါင်းအေးသွားစေရန်အလို့ငှာ Mr.Bang မှာ ပြောလက်စစကားကို မဆက်ဘဲ မလှမ်းမကမ်းတွင်ရှိသော ပြတင်းပေါက်အနီးသို့ လျှောက်သွားသည်။

Jisung မှာမူ ဒေါသကြောင့် တုန်လှုပ်ချင်နေသော ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန် အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပါ၏။

"သူ့ကိုသူ အပြစ်ရှိတယ်လို့ခံစားနေရတဲ့ပုံပဲ။ အဖေဖြစ်သူက လူသတ်သမားဆိုတဲ့အတွေးရော၊ သူ့ကြောင့် အဖေက ထောင်ထဲမှာသေသွားရတယ်ဆိုတဲ့ အတွေးကပါ အချိန်တွေအကြာကြီးနှိပ်စက်ခဲ့တယ်ထင်တယ်။"

မည်သို့သော တုန့်ပြန်မှုမျိုးကိုမှ Jisung မပြုမိဘဲ Mr.Bang ပြောသည်ကိုသာ အာရုံစိုက်နားထောင်နေသည်။

Clarity || Minsung FF||Where stories live. Discover now